ပထမဦးဆုံး ရင်သွေးလေးရရှိတော့မည့် ကင်မ်ဟာနူလ်

ပထမဦးဆုံး ရင်သွေးလေးရရှိတော့မည့် ကင်မ်ဟာနူလ်

 

တောင်ကိုရီးယားမင်းသမီး ကင်မ်ဟာနူလ်သည် ယခုအခါတွင် သူမ၏ပထမဦးဆုံး ရင်သွေးလေးကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်သည်။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် သူမ၏အေဂျင်စီဖြစ်သော SM C&C က “ကင်မ်ဟာနူလ်မှာ ကိုယ်ဝန်ရှိနေပြီ လို့ မကြာသေးခင်ကမှ သိလိုက်ရပါတယ်။ အခုချိန်မှာ ကိုယ်ဝန်ဆောင်ချိန်နုသေးတာကြောင့် သူမဟာ သူမရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်နေပါတယ်။ သူမကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့အတွက် သူမရဲ့မိသားစုဟာ အရမ်းကို ပျော်ရွှင်နေပါတယ်” ဟု အတည်ပြုကြေညာခဲ့သည်။

ကင်မ်ဟာနူလ်သည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သော သူမ၏ခင်ပွန်းဖြစ်သူနှင့် တစ်နှစ်ကျော်ကြာ ချစ်သူ အဖြစ် လက်တွဲခဲ့အပြီး၌ လွန်ခဲ့သော ၂၀၁၆ ခုနှစ် မတ်လတွင် တရားဝင်လက်ထပ်ခဲ့သည်။

သူမသည် ကနဦးက အောက်တိုဘာ ၁၂ရက်နေ့တွင် ကျင်းပမည့် ၂၂ကြိမ်မြောက် ဘူဆန်နိုင်ငံတကာရုပ်ရှင် ပွဲတော်၌ အစီအစဉ်တင်ဆက်အဖြစ် ပါဝင်ဆောင်ရွက်ရန် စီစဉ်ထားသော်လည်း သူမ၏ကိုယ်ဝန်ကြောင့် နှုတ်ထွက်ခဲ့ရသည်။ ထို့ကြောင့် Girils’ Generation အဖွဲ့မှ YoonA က သူမ၏နေရာ၌ တာဝန်ယူဆောင်ရွက် မည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly