တူရကီဗီဇာများကို ရပ်ဆိုင်းရန် အမေရိကန်တို့၏ဆုံးဖြတ်ခြင်းသည် သူ့ကိုဝမ်းနည်းမိစေကြောင်း အာဒိုဂန်ပြောကြား

တူရကီဗီဇာများကို ရပ်ဆိုင်းရန် အမေရိကန်တို့၏ဆုံးဖြတ်ခြင်းသည် သူ့ကိုဝမ်းနည်းမိစေကြောင်း အာဒိုဂန်ပြောကြား

 

အောက်တိုဘာ ၁၀ ။                  ။ သံတမန်ဆက်ဆံရေး၌ အငြင်းအခုန်များ ဖြစ်ပွားခဲ့ပြီးနောက်တွင် အမေရိကန်သံရုံးက တူရကီရှိ၎င်းတို့၏ပုံမှန် ဗီဇာဌာနကို ရပ်တန့်ရန်ဆုံးဖြတ်ခဲ့ခြင်းသည် သူ့ကိုဝမ်းနည်းမိစေကြောင်း တူရကီသမ္မတ ရီဆပ်တေယစ်အာဒို ဂန်က တနင်္လာနေ့၌ ပြောကြားခဲ့သည်။

“ဒီဆုံးဖြတ်ချက်ဟာ အလွန်ကိုဝမ်းနည်းမိစေပါတယ်” ဟု အာဒိုဂန်က အမေရိကန်သံရုံး၏ ဆုံးဖြတ်ချက်နှင့် ပက်သက်၍ ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုနှင့်အတူ ကိဗ်မြို့၌ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

သူက “အန်ကာရာမြို့က အမေရိကန်သံအမတ်ကြီးဟာ ဒီလိုဆုံးဖြတ်ချက်မျိုးကို ချမှတ်ခဲ့ပြီး လက်တွေ့လုပ် ဆောင်ရန် ဆုံးဖြတ်ခဲ့တဲ့အတွက် အလွန်ကိုဝမ်းနည်းရပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အီစတန်ဘူလ်ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးမှ တူရကီအလုပ်သမားတစ်ဦးကို တူရကီအစိုးရက ထောင်သွင်း အကျဉ်းချခဲ့သည့်အချိန်မှစ၍ အမေရိကန်နှင့် တူရကီကြားရှိ သံတမန်ရေးရာပြသနာသည် ပေါက်ကွဲထွက်လာ ခြင်းဖြစ်ကြောင်း လေ့လာစိစစ်သူများက ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံသို့ ယာယီခရီးသွားလာခွင့်ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းရန်ဆုံးဖြတ်ခဲ့သည့်အတွက် တူရကီအစိုးရ ကလည်း လက်တုံ့ပြန်သည့်အနေဖြင့် တူရကီနိုင်ငံသို့ ခရီးသွားလည်ပတ်လိုသည့် အမေရိကန်နိုင်ငံသားများကို ယင်းကဲ့သို့ဗီဇာထုတ်မပေးရန် စီစဉ်နေကြောင်း သိရသည်။

အာဒိုဂန်က “ တူရီကနိုင်ငံဟာ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကျနော်တို့ဟာ မျိုးနွယ်စုနိုင်ငံတစ်ခု မဟုတ်ပါဘူး” ဟု ပြောဆိုခဲ့သည်။

ဆက်လက်ပြီး ဝါရှင်တန်ရှိ တူရီကီသံရုံးမှ အမေရိကန်နိုင်ငံသားများကို တူရကီနိုင်ငံသို့ ယာယီခရီးသွားခွင့်ဗီဇာ ထုတ်ပေးရန် ဆိုင်းငံ့လိုက်ခြင်းသည် အမေရိကန်သံရုံး၏ ဆုံးဖြတ်ချက်ကို တူညီသောနည်းလမ်းဖြင့် တုံ့ပြန်ခြင်း ဖြစ်ကြောင်း အာဒိုဂန်က ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags