သူငယ်ချင်းနှစ်ဦး အရက်မူးပြီး စကားများရန်ဖြစ်ရာမှ ရဲဒင်းဖြင့် ခုတ်မှုဖြစ်ပွား

သူငယ်ချင်းနှစ်ဦး အရက်မူးပြီး စကားများရန်ဖြစ်ရာမှ ရဲဒင်းဖြင့် ခုတ်မှုဖြစ်ပွား
ဓာတ်ပုံ-ကိုထင်လင်းအောင်
 

ရန်ကုန်၊ အောက်တိုဘာလ ၉ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်အပိုင်၊ မြရတနာရပ်ကွက်၊ ၁၂ လမ်းတွင် သူငယ်ချင်းနှစ်ဦး အရက်မူးပြီး စကားများရန်ဖြစ်ရာမှ ရဲဒင်းဖြင့် ခုတ်မှုဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့ သည့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ကိုထင်လင်းအောင်က မဇ္ဈိမသို့ ပြောသည်။

အောက်တိုဘာလ ၈ ရက်၊ ည ၁၀နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခုတ်ခံရသူအမျိုးသား၏ လက်မောင်းနှင့် ရင်ဘတ်တွင် ပြတ်ရှဒဏ် ရာနှင့် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သည်။

“ မြရတနာရပ်ကွက် ၁၂ လမ်းမှာရှိတဲ့ ကော်ဖီနဲ့ ထမင်းကြော်ရောင်းတဲ့ ဆိုင်လေးမှာ သူငယ်ချင်းနှစ် ယောက်မူး ပြီးတော့ ရဲဒင်းနဲ့ ခုတ်တယ် လို့ပြောတယ်။ အခုတ်ခံရသူရဲ့ဘယ်ဘက်လက်မောင်းနဲ့ ရင်ဝလောက်မှာ ပြတ်ရှ ဒဏ်ရာတော့ရသွားတယ်။ ကံကောင်းလို့ သေလောက်တဲ့ ဒဏ်ရာတော့ မရလိုက်ဘူးဗျ”ဟု ကိုထင်လင်းအောင် က ပြောသည်။

အဆိုပါ ရဲဒင်းဖြင့် အခုတ်ခံခဲ့ရသည့် အမျိုးသားအား ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့က မေဓါဝီဆေးရုံသို့ အချိန် မီ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရဲဒင်းဖြင့် ခုတ်ခဲ့သူအမျိုးသားကိုလည်း သက်သေခံပစ္စည်းနှင့်အတူ မင်္ဂလာဒုံမြို့မရဲစခန်းမှ လှည့်ကင်း တာဝန်ကျရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly