ရုရှက စူပါမားကတ် မီးလောင်မှုကြောင့် လူပေါင်း သုံးထောင်ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

ရုရှက စူပါမားကတ် မီးလောင်မှုကြောင့် လူပေါင်း သုံးထောင်ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

 

ရုရှနိုင်ငံ တောင်ပိုင်းက ရို့စတော့ဗ်အွန်ဒွန်မြို့ရှိ အကြီးစား အထည်အလိပ်စူပါမားကတ်ကြီးတွင် မီးကြီးလောင်ကျွမ်းမှုဖြစ်ရာ လူပေါင်း သုံးထောင်ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရသည်။

မီးမှာ စတုရန်းပေ ၃၂၀၀၀ ရှိ ဆိုင်ခန်းများတစ်လျှောက် ကူးစက်လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးသတ်အင်အား ၇၅ ဦး၊ မီးသတ်ကားပေါင်း ၂၄ စီးဖြင့် မီးကို ငြှိမ်းသတ်ကြရသည်။ တစ်ချို့သော သတင်းများတွင် အဆိုပါ မီးလောင်မှုအား မီးသတ်ရဟတ်ယာဉ်များဖြင့်ပါ အင်အားဖြည့် ငြှိမ်းသတ်ရကြောင်း ဖော်ပြသည်။

အောက်တိုဘာ ၈ ရက် ဒေသစံတော်ချိန် ည ကိုးနာရီခန့်တွင် Temernik အထည်အလိပ်ဈေးကြီးတွင် မီးစတင်လောင်ကျွမ်းခြင်း ဖြစ်သည်။

အဆိုပါ မီးက လုပ်ငန်းရုံးခန်းများသို့ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းရာ စတုရန်းပေ ၃၂၀၀၀ အနှံ့ မီးလောင်ကျွမ်းကြောင်း ဌာနေအရေးပေါ်ဌာန ပြောခွင့်ရသူက ဆိုသည်။

လက်ရှိအချိန်ထိ သေဆုံးပျက်စီးမှုစာရင်း မသိရသေးပေ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly