၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသွားတဲ့ အီဂျစ်အသင်း

၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသွားတဲ့ အီဂျစ်အသင်း
(ဓာတ်ပုံ - အီးပီအေ)

လီဗာပူးလ်အသင်း တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ ကွန်ဂိုအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပြီး အီဂျစ်အသင်းဟာလည်း ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။

အုပ်စု E အတွင်း စနေနေ့က ဂါနာနှင့် ယူဂန်ဒါတို့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် အီဂျစ်အသင်းဟာ ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်နိုင်ရန် နိုင်ပွဲလိုအပ်ခဲ့ပါတယ်။

အီဂျစ်အသင်းအတွက် ဂိုးတွေကို ဆာလာက ပွဲချိန် ၆၃ မိနစ်နှင့် မိနစ် ၉၀ (ပင်နယ်တီ)တွေမှာ သွင်းယူခဲ့ပြီး ကွန်ဂိုရဲ့ ချေပဂိုးတစ်ဂိုးကိုတော့ မူတူးက သွင်းယူခဲ့တာဖြစ်ပါတယ်။

အီဂျစ်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာက ၁၉၉၀ ခုနှစ်တုန်းက ဖြစ်ပါတယ်။

အီဂျစ်အသင်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်တဲ့ အာဖရိကတိုက်မှ နိုင်ဂျီးရီးယားအသင်းပြီးရင် ဒုတိယမြောက် နိုင်ငံအသင်းဖြစ်လာခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags