ဘိုလီးဗီးယားနှင့်ပွဲအပြီးတွင် အသက်ရှူမဝသဖြင့် ဘရာဇီးကစားသမားများ အောက်စီဂျင်အကူအညီယူခဲ့ရ

ဘိုလီးဗီးယားနှင့်ပွဲအပြီးတွင် အသက်ရှူမဝသဖြင့် ဘရာဇီးကစားသမားများ အောက်စီဂျင်အကူအညီယူခဲ့ရ

အောက်တိုဘာ ၆၊ ဘိုလီးဗီးယား။          ။ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ ၁၂၀၀၀ ကျော်တွင်ကစားခဲ့ရသော ဘိုလီးဗီးယားနှင့်ပွဲအပြီးတွင် အသက်ရှူမဝသဖြင့် ဘရာဇီးကစားသမားများပွဲအပြီး အဝတ်လဲခန်းအတွင်း အောက်စီဂျင်အကူအညီ ရယူခဲ့ရသည်။

အဆိုပါပွဲစဉ်တွင် ဘရာဇီးနှင့်ဘိုလီးဗီးယားတို့ ဂိုးမရှိသရေကျခဲ့ပြီး ဘရာဇီးအသင်းခေါင်းဆောင် နေမာက အလွန်တရာ ရက်စက်ကြမ်းကြုတ်သောအခြေအနေဟု တင်စားပြောကြားခဲ့သည်။

ဒီအခြေအနေမှာဘောလုံးကစားခဲ့ရတာ အလွန်တရာကို ရက်စက်ကြမ်းကြုတ်လွန်းပါတယ်။ ကွင်း၊ အခြေအနေ၊ ဘောလုံးအားလုံးက ဘာမှမကောင်းဘူး။ ဒါပေမယ့် ဒီအခြေအနေမှာ ကစားခဲ့ရတဲ့ အသင်းခြေစွမ်းအတွက်တော့ ပျော်ပါတယ်။ ဟု နေမာကပြောသည်။

ဘိုလီးဗီးယားနှင့်သရေကျခဲ့ပြီးနောက် ဘရာဇီးအသင်းမှာ တောင်အမေရိကဇုန်ခြေစစ်ပွဲတွင် ၁၁ပွဲဆက်ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး ၁၉၃၀ခုနှစ်တွင်စတင်ခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို အကြိမ်တိုင်းခြေစစ်ပွဲအောင် အသင်းအဖြစ် မှတ်တမ်းထိန်းသိမ်းနိုင်ခဲ့သည်။

Ref: Daily Mail

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly