ဘရူနိုင်းဘုရင် နန်းစံသက် ရွှေရတုပွဲ ကျင်းပ

ဘရူနိုင်းဘုရင် နန်းစံသက် ရွှေရတုပွဲ ကျင်းပ

 

ဘရူနိုင်းဒါရုဆလမ်၊ အောက်တိုဘာ ၅ ။                   ။ ဘရူနိုင်းနိုင်ငံရဲ့ သြဇာအကြီးဆုံး၊ အချမ်းသာဆုံး ဘုရင် ဆူလတန်ဟာ နန်းစံသက် ရွှေရတုပြည့် နှစ်ငါးဆယ်ကို အောက်တိုဘာ ၅ ရက်မှာ ခမ်းနားကြီးကျယ်စွာ ကျင်းပပါတယ်။

ခမ်းနားထည်ဝါတဲ့ တော်ဝင်စစ်ရထားနဲ့ လမ်းတွေအနှံ့ တိုင်းခန်းလှည့်လည်ပြီး ရွှေရောင်လွှမ်းတဲ့ နန်းတော်ရာမှာလည်း ရိုးရာပွဲလမ်းသဘင်တွေကို ကျင်းပပါတယ်။

လမ်းတွေ တစ်ဖက်တစ်ချပ်စီမှာ စီတန်းနေတဲ့ လူပေါင်း ထောင်သောင်းများစွာ ရှိပြီး နိုင်ငံတော်အလံကို ဝှေ့ယမ်းကြကာ ကမ္ဘာမှာ နန်းစံသက် ဒုတိယအကြာဆုံး ဘုရင် ဆူလတန်ရဲ့ စစ်ရထားယာဉ်တော် ဖြတ်သွားရာတစ်လျှောက် ကောင်းချီး ဟစ်ကြွေးကြပါတယ်။

တင်းကြပ်တဲ့ အစ္စလာမ်ဥပဒေနဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ဖြစ်တဲ့ ဘရူးနိုင်နိုင်ငံဟာ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ ပိုကြွယ်ဝတဲ့ နိုင်ငံပဲဖြစ်ပါတယ်။

“ကျွန်မတို့ရဲ့ ဘုရင်ကြီးဟာ ပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ ပညာရေးတွေကို စောင့်ရှောက်တဲ့ ဘုရင်ကြီးပဲဖြစ်ပါတယ်။”ဟု ပွဲတော်လာ အမျိုးသမီးတစ်ဦးက အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly