အာဆင်နယ်သို့ ပြောင်းလာရခြင်းတွင် ဆန်းချက်ဇ်နှင့်တွဲကစားလိုခြင်းလည်းပါဝင်ဟု လာကာဇက် ဖွင့်ဟ

အာဆင်နယ်သို့ ပြောင်းလာရခြင်းတွင် ဆန်းချက်ဇ်နှင့်တွဲကစားလိုခြင်းလည်းပါဝင်ဟု လာကာဇက် ဖွင့်ဟ

 

အောက်တိုဘာ ၄၊ လန်ဒန်။                     ။ ယခုနှစ်ဘောလုံးရာသီတွင် အာဆင်နယ်သို့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့လာသော ပြင်သစ်တိုက်စစ်မှူး လာကာဇက်က အာဆင်နယ်ကို   ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်းတစ်ချက်တွင် ဆန်းချက်ဇ်နှင့်တွဲကစားလိုခြင်းလည်း ပါဝင်သည်ဟု ဖွင့်ဟခဲ့သည်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး လာကာဇက်မှာ အာဆင်နယ်အသင်းထံသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၆သန်းဖြင့် လိုင်ယွန်အသင်းမှပြောင်းရွှေ့လာသူဖြစ်ပြီး အာဆင်နယ်အတွက် ၆ပွဲတွင် ၄ ဂိုးသွင်းယူပေးထားနိုင်သည်။ ကျွန်တော် ဆန်းချက်ဇ်နဲ့တွဲကစားချင်လို့ အာဆင်နယ်ကိုရွေးခဲ့တာ။ သူ့ကစားပုံကို လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်းလေ့လာတယ်။ ကစားပုံ၊ စိတ်ဓာတ်၊ ပွဲကိုချဉ်းကပ်ပုံ အားလုံးကို ကြိုက်တယ်။ နှစ်အကြာကြီး တွဲကစားခွင့်ရဖို့ ဆန်းချက်ဇ် စာချုပ်သက်တမ်းတိုးမယ်လို့ မျှော်လင့်ပါတယ်။ ဟု လာကာဇက်ကပြောသည်။

ချီလီလက်ရွေးစင်တိုက်စစ်မှူး ဆန်းချက်ဇ်မှာ ယခုနှစ်ကုန်တွင် အာဆင်နယ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး အသင်းနှင့်စာချုပ်သက်တမ်းတိုးရန် ငြင်းဆိုထားသည်။ ဆန်းချက်ဇ်မှာ အာဆင်နယ်နှင့်စာချုပ်သက်တမ်းတိုးထားခြင်းမရှိသည့်အတွက် ယခုနှစ်ဘောလုံးရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့်ရမည်ဖြစ်သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly