အလှကုန်ပစ္စည်းတုများစွာ ဖျက်ဆီးသည့် အခမ်းအနားအား ကမ္ဘောဒီးယားတွင် ပြုလုပ်

အလှကုန်ပစ္စည်းတုများစွာ ဖျက်ဆီးသည့် အခမ်းအနားအား ကမ္ဘောဒီးယားတွင် ပြုလုပ်

 

ဖနွမ်းပင်၊ အောက်တိုဘာ ၃ ။                    ။ ကမ္ဘောဒီးယားအာဏာပိုင်များက အလှကုန်ပစ္စည်းတုများ ဖျက်ဆီးမှုကို လူမြင်ကွင်းရှေ့ အခမ်းအနားဖြင့် အောက်တိုဘာ ၃ ရက်တွင်   ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ဖနွမ်းပင်မြို့တော် Boeung Choeung Ek Dumping ဘူတာရုံ မြေကွက်လပ်တွင် အလှကုန်တုသေတ္တာ ရာပေါင်းများစွာကို ဘူဒိုဇာများနှင့် ထိုးချေကာ မီးရှို့ဖျက်ဆီးခြင်း ဖြစ်သည်။

အဆိုပါ သေတ္တာများအတွင်း ဆံပင်ဖျန်းဆေး၊ ဖယောင်းဂျယ်၊ ဆံပင်ဆိုးဆေး၊ မျက်နှာလိမ်းခရမ်နှင့် လိုးရှင်းများ ထုတ်ပိုးထားပြီး ဈေးကွက်တင်ဖြန့်ဖြူးရန် ရှိနေသည့် ကုန်စည်တုများဖြစ်သည်။

အဆိုပါ အလှကုန်တုများ တန်ချိန် ၈၁ တန်ကို ဘူဒိုဇာများဖြင့် ထိုးချေကာ မီးရှို့ဖျက်ခြင်းအခမ်းအနားကို ပြည်ထဲရေးဝန်ကြီးဌာနက ကမကထပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဖနွမ်းပင်နှင့် အခြားမြို့များတွင် မေ ၂၂-၂၃ ရက်အတွင်း ဂိုထောင်ကုန်လှောင်ရုံများသို့ စီးနင်းခြင်းအရ အဆိုပါ ကုန်စည်တုများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“သုံးစွဲသူ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ အစစအရရာအပေါ် အန္တရာယ်ပေးလာနိုင်တာကြောင့် ခုလို ကုန်စည်တုတွေကို တိုက်ဖျက်ရတာပါ။”ဟု အဆိုပါ ထုတ်ပြန်ချက်က ဖော်ပြသည်။

စီးနင်းမှုအတွင်း ကုန်လှောင်ရုံတစ်ခုအတွင်းကပင် အလှကုန်တုပေါင်း တန်ချိန် ငါး တန်မှ ခြောက်တန်ကြား သိမ်းဆည်းရမိကြောင်း EFE သတင်းထောက်က သတင်းပေးပို့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly