နောက်ထွက်မည့်ရုပ်ရှင်ဇာတ်ကားသည် သူ၏အအောင်မြင်ဆုံးရုပ်ရှင်ဖြစ်မည်ဟု အေမာခန်းပြောကြား

နောက်ထွက်မည့်ရုပ်ရှင်ဇာတ်ကားသည် သူ၏အအောင်မြင်ဆုံးရုပ်ရှင်ဖြစ်မည်ဟု အေမာခန်းပြောကြား

 

ဘောလိဝုဒ်ရုပ်ရှင်လောက၏ ကြယ်ပွင့်သရုပ်ဆောင်တစ်ဦးဖြစ်သော မင်းသားကြီးအေမာခန်းက နောက်ထွက် မည့်သူ၏ရုပ်ရှင်ဇာတ်ကားသည် အင်တာနက်ကို အသုံးချကာ အောင်မြင်သော အဆိုတော်တစ်ဦးဖြစ်အောင် ကြိုးစားနေသည့် မြို့လေးတစ်မြို့မှ ဆယ်ကျော်သက်မိန်းမငယ်လေးတစ်ဦး၏ အကြောင်းကိုပုံဖော်ရိုက်ကူးထား ခြင်းဖြစ်ပြီး ထိုရုပ်ရှင်သည် နောက်ဆုံးထွက်ရှိထားသော သူ၏ “Dangal” ဇာတ်ကားထက် ပိုမိုကြီးကျယ်ခမ်းနား ကာ ပိုမိုအောင်မြင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အသက် ၅၂နှစ်အရွယ်ရှိ အေမာခန်းသည် “Secret Superstar” ဟု အမည်ပေးထားသော ထိုရုပ်ရှင်ထဲ၌ ဂီတ ထုတ်လုပ်သူတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး မင်းသမီးလေးဇိုင်ရာဝါဆင်က   ရှေးရိုးဆန်သော သူမ၏မွတ်စ လင်မိသားစုကို စည်းရုံးပြောဆိုကာ အဆိုတော်တစ်ယောက်ဖြစ်ချင်သည့် သူမ၏စိတ်ကူးအိပ်မက်ကို အကောင် အထည်ဖော်မည့် ဆယ်ကျော်သက်မိန်းမငယ်လေးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

နောက်ဆုံးထွက်ရှိထားသော အေမာခန်း၏ “Dangal” ရုပ်ရှင်သည် ဇာတ်လမ်းပိုင်းအရရော၊ ငွေကြေးပိုင်းအရပါ အောင်မြင်မှုများဆွတ်ခူးခဲ့ပြီး ဘောလိဝုဒ်ရုပ်ရှင်လောက၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တစ်ခု ဖြစ်လာခဲ့သည်။ “Dangal” ဇာတ်ကားသည် နပန်းသမားဟောင်းကြီးက သူ၏သမီးငယ်နှစ်ဦးကို နပန်းအားကစားချန်ပီယံဖြစ် အောင် သင်ကြားပေးသည့်   ဖြစ်ရပ်မှန်ဇာတ်လမ်းကို ဇာတ်အိမ်တည်ကာ ရိုက်ကူးထားခြင်းဖြစ်သည်။

“ဒီရုပ်ရှင်နှစ်ခုစလုံးဟာ အမျိုးသမီးငယ်လေးတွေကို အခွင့်အရေးတွေ၊ စိတ်ဓာတ်ခွန်အားတွေ ပိုမိုပေးစွမ်းနိုင် မယ့် ဇာတ်ကားများဖြစ်ကြပါတယ်။ ကျနော်ကတော့ နောက်ထွက်မယ့် Secret Superstar ရုပ်ရှင်ဟာ ပိုမို အောင်မြင်မယ်လို့ ခံစားရပါတယ်” ဟု အေမာခန်းက စင်္ကာပူ၌ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပြောကြား ခဲ့သည်။ ထိုရုပ်ရှင်ကို သူနှင့်သူ၏ဇနီးဖြစ်သူတို့က ထုတ်လုပ်ထားခြင်း   ဖြစ်သည်။

“Dangal ရုပ်ရှင်ဟာ ဖခင်တစ်ဦးရဲ့စိတ်ကူးအိပ်မက်ကို သမီးလေးတွေက အကောင်အထည်ဖော်ပေးပုံကို ရိုက်ကူးထားတာဖြစ်ပြီး Secret Superstar ကတော့ အိန္ဒိယနိုင်ငံမှာရှိတဲ့ မြို့ငယ်လေးတစ်မြို့က အသက် ၁၄ နှစ်အရွယ် မိန်းမငယ်လေးတစ်ဦးဟာ သူမရဲ့စိတ်ကူးအိပ်မက်တွေကို ကိုယ်တိုင်အကောင်အထည်ဖော်ဖို့ ကြိုးစားပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုံဝင်ငွေဇယားမှာ ဘယ်လိုအဆင့်မျိုး ရရှိမယ်လို့တော့ ကျနော်မသိပါဘူး။ ဒါပေမယ့် ဒီဇာတ်ကားဟာ Dangal ထက်ပိုမိုအောင်မြင်မယ်လို့တော့ ကျနော်ထင်ပါတယ်” ဟု အေမာခန်း က ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly