အောက်စဖို့ဒ်တွင် ဒေါ်အောင်ဆန်းစုကြည်ပန်းချီကားနှင့် တွဲရိုက်ထားသောဓာတ်ပုံများကို လွှတ်တော်ကိုယ်စားလှယ် အချို့ပြန်တင်

အောက်စဖို့ဒ်တွင် ဒေါ်အောင်ဆန်းစုကြည်ပန်းချီကားနှင့် တွဲရိုက်ထားသောဓာတ်ပုံများကို လွှတ်တော်ကိုယ်စားလှယ် အချို့ပြန်တင်

အောက်တိုဘာ ၁ ။           ။ အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေါ့ထရိတ်ပုံကို ဖယ်ရှားအပြီးမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ် အချို့က အဆိုပါနေရာမှာ အမှတ်တရတွဲရိုက်ခဲ့တဲ့ပုံတွေကို ပြန်တင်ခဲ့ကြပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ)နေဘုန်းလတ်က "အန်တီကျောင်းတက်ခဲ့တဲ့ St Hugh's College at Oxford" ဆိုတဲ့ ပြီးခဲ့တဲ့နှစ်က ရိုက်ကူးထားသော ဖယ်ရှားခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားနဲ့အတူ တွဲရိုက်ထားတဲ့ပုံကို ပြန်တင်ခဲ့ပါတယ်။

ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်ကလည်း "Oxford ရောက်အမှတ်တရ" ဆိုတဲ့ဓာတ်ပုံကိုပြန်တင်ခဲ့ပါတယ်။ သူကတော့အဲဒီပေါ့ထရိတ် ပန်းချီကားဘေးမှာ ခုံတစ်လုံးနဲ့ ထိုင်နေခဲ့တာပါ။

ယခင်က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ခဲ့သည့် အောက်စဖို့ဒ်တက္ကသိုလ်က ဘင်္ဂလီများနှင့် ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်မှုများကို ဝေဖန်မှုများ ရှိနေစဉ် ၎င်း၏ ပန်းချီကားအား တက္ကသိုလ်မှ စက်တင်ဘာလ ၂၉ ရက်က ဖယ်ရှားလိုက်တာပါ။

ဒီလိုဖယ်ရှားတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက အဲဒီပန်းချီကားနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ပန်းချီနဲ့ တွဲရိုက်ထားတဲ့ပုံကို ပြန်တင်ခဲ့ကြတာပါ။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် မဇင်မာအောင်ကလည်း ပန်းချီကားနဲ့ပုံ တင်ခဲ့ပါသေးတယ် ။

ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကို ဂျပန်ပန်းချီဆရာ Yoshihiro Takada ၏ ဂျပန်ပန်းချီကားတစ်ချပ်နှင့် အစားထိုး ထားရှိသွားမည်ဖြစ်ကြောင်း အောက်စဖို့ဒ်တက္ကသိုလ် St Hugh’s ကောလိပ်က ကြေညာထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကို ဖယ်ရှားရခြင်း အကြောင်းရင်းအား သေချာမသိရသေးပေ။

ဒါပေမယ့် မြန်မာနိုင်ငံမှ လူအချို့ကအဲဒီပန်းချီကားပုံ ပရိုဖိုင်ပြောင်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူရှိကြောင်း ပြသခဲ့ကြပါတယ်။

ဒီပေါ့ထရိတ်ပန်းချီကားကို ၁၉၉၉ ကတည်းက အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ ချိတ်ဆွဲခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ၁၉၆၇ ခုနှစ်မှာ ဘွဲ့ရရှိခဲ့တာပါ။

ပန်းချီပညာရှင် Chen Yanning က ၁၉၉၇ ခုနှစ်မှာ ရေးဆွဲခဲ့ပြီး မိုက်ကယ်အဲရစ် ပိုင်ဆိုင်ခဲ့ကာ သူကွယ်လွန်ချိန်မှာတော့ ကျောင်းကို ပေးအပ်ခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly