အမေရိကန် ကျန်းမာရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်

By AFP
30 September 2017
အမေရိကန် ကျန်းမာရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်

 

စက်တင်ဘာ ၃၀ ။        ။ အစိုးရလုပ်ငန်းကိစ္စတွေအတွက် ခရီးသွားရာမှာ စရိတ်စကကြီးမားတဲ့ စင်းလုံးငှား လေယာဉ် ငှားရမ်းအသုံးပြုခဲ့မှုနဲ့ပတ်သက်လို့ ဝေဖန်ခံနေခဲ့ရတဲ့ အမေရိကန် ကျန်းမာရေးဝန်ကြီး စက်တင်ဘာ ၂၉ ရက်က ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

"ကျန်းမာရေးဝန်ကြီး သောမတ်စ် ပရိုက်စ် သူကိုယ်တိုင် သူ့နှုတ်ထွက်စာကို လာတင်သွားခဲ့ပါတယ်၊ သမ္မတထရမ့်လည်း ဒါကို လက်ခံလိုက်ပါပြီ" ဆိုပြီး အိမ်ဖြူတော်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဆာရာ ဟက်ကယ်ဘယ်လ် ဆန်းဒါးစ်က ထုတ်ပြန်ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာတော့ သောမတ်စ် ပရိုက်စ်ဟာ အစိုးရ တာဝန်ကိစ္စတွေအတွက် ခရီးသွားလာရာမှာ ဈေးကြီးတဲ့ စင်းလုံးငှားလေယာဉ် ငှားရမ်းအသုံးပြုထားခဲ့မှုကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။

ပရိုက်စ်ဟာ ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့တဲ့ ရှစ်လနီးပါးအတွင်း စင်းလုံးငှားလေယာဉ်နဲ့ ခရီးစဉ်ပေါင်း ၂၆ ခုထိ သွားလာခဲ့ကာ စုစုပေါင်း ကုန်ကျစရိတ် ကန်ဒေါ်လာ လေးသိန်းထိ ရှိနေခဲ့ကြောင်း သိရပါတယ်။

ယင်းနောက်ပိုင်း ၎င်းအပေါ်ကျရောက်နေသည့် ဝေဖန်မှုများကို အသံတိတ်သွားစေရန် ပရိုက်စ်က စင်းလုံးငှားလေယာဉ်အတွက် ကုန်ကျစရိတ် တစ်ချို့တစ်ဝက်ကို စိုက်ထုတ်ပြန်ပေးဖို့ ကြိုးပမ်းခဲ့သေးကြောင်းလည်း သိရပါတယ်။

ယခုအခါ ၎င်းနှုတ်ထွက်သွားပြီးနောက် လက်ရှိ ကျန်းမာရေးဒုဝန်ကြီးဖြစ်တဲ့ ဒွန်ဂျေရိုက်ကို ခေတ္တဝန်ကြီးအဖြစ် ခန့်ထားမှာဖြစ်ကြောင်း သိရပါတယ်။

"သမ္မတက လောလောဆယ်မှာတော့ ဒွန်ဂျေရိုက် ကို ခေတ္တ ကျန်းမာရေးဝန်ကြီးအဖြစ် ခန့်ထားဖို့ လျာထားပါတယ်" ဆိုပြီး ဆန်းဒါးစ်က ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags