ပရိသတ်တွေပွဲကျခဲ့ရတဲ့ ဂယ်ရီလိုင်နီကာနှင့် ဂွါဒီယိုလာတို့၏ အင်တာဗျူး

ပရိသတ်တွေပွဲကျခဲ့ရတဲ့ ဂယ်ရီလိုင်နီကာနှင့် ဂွါဒီယိုလာတို့၏ အင်တာဗျူး

စက်တင်ဘာ ၂၉၊ အင်္ဂလန် ။             ။ ဂယ်ရီလိုင်နီကာနဲ့ ဂွါဒီယိုလာတို့ရဲ့ အတိတ်က ဖြစ်ရပ်ကြောင့် ဒီတစ်ပတ် ဘီဘီစီရဲ့ The Premier League show အစီအစဉ်က ပရိသတ်တွေ သဘောကျစရာဖြစ်ခဲ့ရပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာက သူဘာစီလိုနာအသင်းမှာ ဘောကောက်ခဲ့စဉ်က ဂယ်ရီလိုင်နီကာရဲ့ ဂျာစီကို တောင်းခဲ့ပေမယ့် ဘယ်တုန်းကမှ မရခဲ့ဖူးလို့ ဒီအစီအစဉ်မှာ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာပြီး ကစားသမားအဖြစ်ရော နည်းပြအဖြစ်ပါ ဘာစီလိုနာမှာ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

The Premier League show အစီအစဉ်ရဲ့ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်နေတဲ့ လိုင်နီကာဟာ အင်္ဂလန်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ထိပ်တန်းတိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်ပြီး ဂွါဒီယိုလာလေးစားအားကျခဲ့ရတဲ့သူ ဖြစ်ပါတယ်။

ဂွါဒီယိုလာနဲ့ လိုင်နီကာတို့ဟာ ဒီအစီအစဉ်မှာ ပြန်ဆုံကြတာဖြစ်ပြီး ဂွါဒီယိုလာက သူ့ရဲ့ မကျေနပ်မှုကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် ဘာစီလိုနာမှာ ဘောကောက်ခဲ့တုန်းက ခင်ဗျားကို ဘောလုံးတွေ အကြိမ်ကြိမ်ပေးခဲ့ဖူးတယ် ခင်ဗျားမှတ်မိလား။ ခင်ဗျားရဲ့ဂျာစီကို တောင်းခဲ့ပေမယ့် ဘယ်တုန်းကမှ မရခဲ့ဘူး။ ခင်ဗျားကို ကျွန်တော်လုံး၀ ခွင့်မလွှတ်ဘူး” ဟု ဂွါဒီယိုလာက ဆိုခဲ့ရာတွင်

လိုင်နီကာက “ငါမင်းကို မသိခဲ့ဘူး။ မင်းကို ဂျာစီမပေးခဲ့ရလို့ အခုအချိန်မှာ ခံစားချက်က တော်တော်ဆိုးတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက ငါတို့ရဲ့ဂျာစီတွေကို ပေးဖို့ အသင်းက ခွင့်မပြုခဲ့ဖူးလေ။ တစ်ရာသီလုံး ဒီဂျာစီကိုပဲ ဝတ်ဆင်ကစားခဲ့တာ” ဟု တုန့်ပြန်ခဲ့ပါတယ်။

အစီအစဉ်အပြီးမှာတော့ လိုင်နီကာက “အခုမင်းကို ငါ့ရဲ့ ဂျာစီလက်ဆောင်ပေးမယ်” ဟု ပြောဆိုခဲ့ပြီး

ဂွါဒီယိုလာကလည်း “မင်းရဲ့ဂျာစီကို ရတော့မှာ မို့လို့ မင်းကို ငါခွင့်လွှတ်ပါပြီ” လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly