စာချုပ်သစ်အတွက် ဆွေးနွေးနေခြင်း မရှိဟု မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ် ပြော

စာချုပ်သစ်အတွက် ဆွေးနွေးနေခြင်း မရှိဟု မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ် ပြော

စက်တင်ဘာ ၂၈၊ အင်္ဂလန် ။              ။ မန်စီးတီးအသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဆိုသော သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ဘရာဇီးလူငယ်တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်က ပြောဆိုလိုက်သည်။

ဂျီးဆပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလကမှ မန်စီးတီးအသင်းသို့ရောက်ရှိလာသူဖြစ်သော်လည်း အင်္ဂလန်တွင်ခြေစွမ်းပြ ကစားနေသောကြောင့် မန်စီးတီးအသင်းက စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းနေသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်။

သို့သော် ဂျီးဆပ်က “စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေပြီဆိုတာ မဟုတ်ပါဘူး။ ဒီကိစ္စတွေကို ကျွန်တော်လည်း ဘာမှ မသိပါဘူး။ မန်စီးတီးအသင်းက ကျွန်တော့်ကို အဲ့ဒီအတွက် ပြောဆိုထားခြင်း မရှိသလို ကျွန်တော့်အေးဂျင့်ကို ပြောထားတာမျိုးလည်း မရှိပါဘူး။ စာချုပ်သစ်ချုပ်ဖို့ ဘာလုပ်ငန်းစဉ်မှ မရှိပါဘူး။ အခုအချိန်မှာ မန်စီးတီးအသင်းကို ကူညီဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။

ကစားသမားတစ်ဦးက ကျွန်တော့်ထက်ပိုကောင်းနေတယ်ဆိုရင် သူ့ကို လေးစားရမှာပါ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် အဆင်ပြေပါတယ်။ လက်လည်း လက်ခံပါတယ်။ ကျွန်တော်ကောင်းကောင်းမကစားနိုင်ဖူးဆိုရင် အရန်ခုံမှာ ထိုင်ရမှာပါပဲ။ မန်စီးတီးအသင်းမှာက ဒီလိုပါပဲ။

နည်းပြဂွါဒီယိုလာဟာ ကစားသမားအများအပြားကို အသုံးပြုပြီး ဒီမှာ အကောင်းဆုံး အလုပ်လုပ်နေတာပါ။ ကစားသမားတိုင်းကလည်း မန်စီးတီးအသင်းကို ကူညီကြပါတယ်။ ဒါက အရေးအကြီးဆုံးပါပဲ” ဟု ဆိုသည်။

အသက် ၂၀ အရွယ်ရှိ ဂျီးဆပ်သည် မန်စီးတီးအသင်းအတွက် ၁၉ ပွဲကစားထားရာတွင် ၁၂ ဂိုးသွင်းယူထားသည်။ ယခုနှစ်ရာသီတွင် ၈ ပွဲ၌ ၅ ဂိုးသွင်းယူထားသည်။

Ref ; sprtsmole

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly