မန်စီးတီးနှင့်ပွဲအတွက် ပြင်ဆင်ချိန် တစ်ရက်သာရသဖြင့် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ကွန်တီဝေဖန်

မန်စီးတီးနှင့်ပွဲအတွက် ပြင်ဆင်ချိန် တစ်ရက်သာရသဖြင့် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ကွန်တီဝေဖန်

 

စက်တင်ဘာ ၂၈၊ လန်ဒန်။               ။ ချယ်လ်ဆီးနည်းပြကွန်တီသည် ချန်ပီယံလိဂ်တွင် ဆီမြွန်နီ၏အက်သလက်တီကိုအသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရပြီးနောက် အသင်းကို ချီးကျူးခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကိုလည်း ဝေဖန်ခဲ့သည်။

မိုရာတာနှင့် ဘက်ချွေယီတို့၏ဂိုးများကြောင့် ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်အဝေးကွင်းတွင် အက်သလက်တီကို အသင်းကို ပထမဆုံးအနိုင်ရသည့် အင်္ဂလိပ်ကလပ်ဖြစ်လာခဲ့သည်။

ကွန်တီက “ခင်ဗျားအနိုင်ရနိုင်ပါတယ်။ ဒါပေမဲ့ ခံစစ်ပိတ်ဆော့ပြီး ကောင်တာတစ်ခုတည်းနဲ့ကစားမယ်ဆိုရင်တော့ ရလဒ်အပေါ် အပြည့်အဝကျေနပ်မှာမဟုတ်ပါဘူး။ အဲဒီအစားကျွန်တော်တို့ဟာ ဒီကိုနည်းမှန်လမ်းမှန်နဲ့လာကစားနိုင်ခဲ့တယ်”ဟု ကွန်တီက ဆိုသည်။

စနေနေ့တွင် မန်စီးတီးအသင်းနှင့်ကစားရမည့်အတွက် အင်္ဂလိပ်ဘောလုံးလောကတာဝန်ရှိသူများနှင့် ပွဲစဉ်ဇယားရေးဆွဲပုံအပေါ် ကွန်တီက ဝေဖန်ခဲ့သည်။ ချယ်လ်ဆီးအသင်းအနေဖြင့် ယနေ့တစ်ရက်နားပြီးနောက် ပြင်ဆင်ချိန်တစ်ရက်သာရမည်ဖြစ်သည်။

“မန်စီးတီးအသင်းက အင်္ဂါနေ့မှာအိမ်ကွင်းကစားထားရတာကို မမေ့ကြပါနဲ့။ ဒီလိုပွဲမျိုးကိုပြင်ဆင်ချိန်တစ်ရက်ပဲရတာက မှန်ကန်တဲ့ကိစ္စတော့မဟုတ်ဘူး။ တနင်္ဂနွေမှာမဟုတ်ဘဲ စနေမှာကစားရမှာကို အံ့သြမိတယ်။ ဘာကြောင့်လည်း နားကိုမလည်ဘူး”ဟု ကွန်တီကပြောသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly