စစ်ရှောင်ကလေး အယောက် ၉၀ ကျော်ကို ရွှေယမင်းဖောင်ဒေးရှင်း ထောက်ပံ့ထား

စစ်ရှောင်ကလေး အယောက် ၉၀ ကျော်ကို ရွှေယမင်းဖောင်ဒေးရှင်း ထောက်ပံ့ထား

ရန်ကုန် ၊ စက်တင်ဘာ ၂၆ ။              ။ ရှမ်းပြည်နယ် အရှေ့ပိုင်း နှင့် မြောက်ပိုင်းမှ  မိဘမဲ့ စစ်ဘေးရှောင် ကလေး ၉၀ ကျော်ကို စားသောက်နေထိုင်ရေးအတွက်  သန်လျင်မြို့ ဝိသုဒ္ဓါရာမချမ်းမြေ့သာယာအေး စာသင်ကျောင်း တိုက်ဝန်းအတွင်း၌  ရွှေယမင်းဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးထားကြောင်း သိရသည်။

အဆိုပါ ကျောင်းတိုက်ဝန်းအတွင်း၌ အခမဲ့ဆေးခန်းတစ်ခုကိုလည်း ဖွင့်လှစ်ပေးထားပြီး ဆင်းရဲချို့တဲ့သူ ၊ သက်ကြီးရွယ်အိုများ ၊ ရဟန်းသံဃာနှင့် ယောဂီများအတွက်   ဆေးကုသခြင်း   ဆေးဝါးလှူဒါန်းနေကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ ဆေးခန်းကို ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း၌ ဖွင့်လှစ်ထားရှိခြင်းလည်း ဖြစ်သည်။

ယင်းအပြင် Canada Gives Hope Foundation မှ လှူဒါန်းထားသည့် ဆေးကုသရေးယာဉ်ဖြင့် ဆေးကုသမှု ခက်ခဲသည့် ဒေသများကို သွားရောက်ရန် အဆင့်သင့်ဖြစ်နေပြီဟု ရွှေယမင်းဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။ အဆိုပါ ဆေးကုသရေးယာဉ်ဖြင့် စီမံကိန်းများ ချမှတ်ပြီး ရောဂါအမျိုးမျိုးကို အလှည့်ကျ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေယမင်းမိဘမဲ့ဂေဟာဖွင့်လှစ်ရန် စီစဉ်ထားရှိပြီး ကလေးများသာမက သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly