UWSA နှင့် မိုင်းလားအဖွဲ့တို့ ရေဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ် သိန်း ၁၂၀၀ လှူ

UWSA နှင့် မိုင်းလားအဖွဲ့တို့ ရေဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ် သိန်း ၁၂၀၀ လှူ

သြဂုတ် ၁၄ ရက် ။        ။ မိုးသည်းထန် သဖြင့်ရေကြီးနစ်မြုပ် ပြီးရေဘေးသင့်နေသူများအား ကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးဆောင်ရွက်နိုင်ရန် ဝ' အထူးဒေသ ၂ (UWSA)နှင့် မိုင်းလား အထူးဒေသ ၄ တို့က ကျပ် သိန်း ၆၀၀ စီ ဒုတိယအကြိမ် ထပ်မံလှူဒါန်းကြသည်။

နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ သြဂုတ် ၁၃ ရက်နေ့က ပေးအပ်ခြင်းဖြစ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့် ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဘုန်းဆွေက လက်ခံခဲ့သည်။

လှူဒါန်းပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ဒုတိယဥက္ကဌ ဦးမြညိမ်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များတက်ရောက်ကြသည် ဟုနိုင်ငံပိုင်သတင်းစာ ကဖော်ပြ သည်။

(UWSA) နှင့် မိုင်းလားအဖွဲ့တို့သည် သြဂုတ် ၁၁ ရက်နေ့ကလည်း နေပြည်တော်၌ သိန်း ၆၀၀ စီပေးအပ်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က လက်ခံရယူခဲ့သည်။

သြဂုတ် ၁၃ လှူဒါန်းပွဲ၌မူ အမျိုးလွှတ်တော်ကိုယ်စားလှယ်များက သိန်း ၈၀ ကျော်နှင့်၊ အမျိုးသားလွှတ်တော်ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဌဒေါက်တာခင်ရွှေက သိန်း ၁၀၀ ခန့်တန်ဘိုးရှိ အဝတ်အထည်များ ပေးအပ်လှူဒါန်းကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က လက်ခံရယူသည်။

ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၇၂)၊ စီမံ/စီးပွားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်တစ်ဖွဲ့တို့ကလည်း အသီးသီးလှူဒါန်းကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags