ယူနီဆက်ဖ် (UNICEF) ၏ သံတမန်တစ်ဦးဖြစ်သူ ကိုလံဘီယာအဆိုတော် ရှာကီရာက လွန်ခဲ့သောအင်္ဂါနေ့က မက္ကစီကိုနိုင်ငံတွင် လှုပ်ခတ်သွားသော ငလျင်ကြီးကြောင့် ဘေးဒုက္ခရောက်ခဲ့ရသူများကို ဝိုင်းဝန်းကူညီပေးကြ ရန် သူမ၏ပရိသတ်များအား လူမှုမီဒီယာမှတဆင့် တောင်းဆိုခဲ့သည်။
“မက္ကစီကိုနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးအတွက် ကျမအလွန်ကို စိတ်မကောင်းဖြစ်မိပါ တယ်” ဟု ရှာကီရာက သူမ၏ တွစ်တာအကောင့်တွင် ရေးသားခဲ့သည်။
ဆက်လက်ပြီး “ရှင်တို့တွေ အကူအညီပေးချင်တယ်ဆိုရင် shakir.as/unicefmexico ဆိုတဲ့ ဒီလင့်ခ်ကိုနှိပ်ပြီး တော့ လှူဒါန်းမှုများ ပြုလုပ်နိုင်ပါတယ်” ဟု သူမက ရေးသားကာ လှူဒါန်းနိုင်မည့်နည်းလမ်းကို ပြောပြခဲ့သည်။
ပရိသတ်များသည် ရှာကီရီဖော်ပြထားသော လင့်ခ်အတိုင်းဝင်သွားပါက မက္ကစီကိုယူနီဆက်ဖ်အဖွဲ့၏ ဝက်ဘ်ဆိုက်ထဲသို့ ရောက်သွားမည်ဖြစ်ပြီး ထိုမှတဆင့် လှူဒါန်းနိုင်မည်ဖြစ်သည်။
Ref: Billboard