အာဂျင်တီးနားမှ ရေဘေးသင့်ပြည်သူများကို ကူညီရန် မက်ဆီ တိုက်တွန်း

အာဂျင်တီးနားမှ ရေဘေးသင့်ပြည်သူများကို ကူညီရန် မက်ဆီ တိုက်တွန်း

သြဂုတ် ၁၄၊ ဘရူနိုအေးရိစ် ။          ။ ကမ္ဘာကျော်ဘောလုံးသမား မက်ဆီက မွေးရပ်မြေအာဂျင်တီးနားနိုင်ငံမှ ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ကြရန် တိုက်တွန်းပြောကြားလိုက်သည်။

အာဂျင်တီးနားနိုင်ငံ၊ ဘရူနိုအေးရိစ်မြို့တော်နှင့် အထင်ကရနေရာအချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးများခဲ့သည့်အတွက် လူပေါင်း ၁၁,၀၀၀ ကျော်မှာ နေအိမ်များကို စွန့်ခွာကာဘေးလွတ်ရာလို့ရှောင် တိမ်းခဲ့ကြရသည်။

မက်ဆီက အာဂျင်တီးနားပြည်သူများအတွက် စိုးရိမ်ပူပန်မိကြောင်းနှင့် ကူညီထောက်ပံ့ပေးကြရန် ၎င်း၏ facebook စာမျက်နှာမှတစ်ဆင့် တိုက်တွန်းပြောကြားခဲ့သည်။

'ရေနစ်မြုပ်နေတဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး ကျွန်တော့်နိုင်ငံက လူတွေအတွက် တကယ်ကိုစိုးရိမ်ပူပန်မိပါတယ်။ ဒီလိုခက်ခဲတဲ့အချိန်မှာ ဝိုင်းဝန်းအကူအညီပေးကြဖို့ လူတိုင်းကို ကျွန်တော်တိုက်တွန်း လိုပါတယ်' ဟု မက်ဆီ ကရေးသားခဲ့သည်။

မက်ဆီသည် ပြီးခဲ့သည့်အပတ်ကလည်း ကမ္ဘာတစ်ဝှမ်းရှိ ကလေးငယ်များအတွက် ယူနီဆက်ဖ်သို့ ပေါင် ၃၁၅,၀၀၀ လှူဒါန်းခဲ့ပြီး ယခုရေဘေးသင့်ပြည်သူများကို ကူညီရန် ထပ်မံတိုက်တွန်းလိုက်ခြင်းဖြစ် သည်။

ဘရူနိုအေးရိစ်မြို့တော်၏ နေရာအချို့တွင် မိုးရေချိန်မှာ ၁၄ လက်မခန့် ရှိခဲ့ပြီး အလွန်မိုးကြီးခဲ့သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly