အားပြင်းတိုင်ဖုန်းမုန်တိုင်း ဗီယက်နမ်သို့ ဝင်ရောက်ရာ သုံးဦး သေဆုံးပြီး ခုနစ်သောင်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

By AFP
15 September 2017
အားပြင်းတိုင်ဖုန်းမုန်တိုင်း ဗီယက်နမ်သို့ ဝင်ရောက်ရာ သုံးဦး သေဆုံးပြီး ခုနစ်သောင်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

 

ဟနွိုင်း၊ စက်တင်ဘာ ၁၅ ။               ။ ဗီယက်နမ်နိုင်ငံသို့ အားပြင်းတိုင်ဖုန်းမုန်တိုင်း ဒေါ့ဆူရီ ဝင်ရောက်ရာ ကမ်းခြေဒေသများတွင် မိုးသည်းထန်ပြီး လေပြင်းများ တိုက်ခတ်ရာ လူသုံးဦး   သေဆုံးကြောင်း  အေအက်ဖ်ပီသတင်းအရ သိရသည်။

ဆယ်စုနှစ်အတွင်း အားအပြင်းဆုံး မုန်တိုင်းဖြစ်နိုင်သည်ဟု တာဝန်ရှိသူများ ခန့်မှန်းသည့် ယခုတိုင်ဖုန်းမုန်တိုင်းကြောင့် ဘေးလွတ်ရာပြောင်းရွှေ့မှုများလည်း အများအပြားရှိသည်။

ယခု မုန်တိုင်းအတွင်း လေပြင်းများကြောင့် သစ်ပင်များ ပြိုလဲပြီး ဒေသအချို့တွင် ပြည်သူများ နေအိမ်များအတွင်းမှာပင် ရှိနေရာ မတော်တဆမှုများ မဖြစ်ရအောင် အာဏာပိုင်များက လျှပ်စစ်မီးများ ဖြတ်တောက်ထားသည်။

Quang Binh ပြည်နယ်တွင် နေအိမ်ပေါင်း ၅၀၀၀ ကျော် ပျက်စီးပြီး လူတစ်ဦးသေဆုံးကြောင်း ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး လီမင်းငန်က VTV သတင်းဌာနသို့ ပြောသည်။

“လူတွေက အိမ်ထဲမှာ နေနေကြတယ်။ ဈေးတွေဆို လူမရှိသလောက်ပဲ။ ကျွန်တော်က မိသားစုအတွက် ခေါက်ဆွဲ လာကြိုဝယ်ထားတာပါ။ ကျွန်တော်တို့ ဘာမှ မဖြစ်လောက်ဘူးလို့ ထင်တာပဲ။”ဟု ဒေသခံတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။

စက်တင်ဘာ ၁၅ ရက်က ကမ်းရိုးတန်းသို့ မဝင်ရောက်မီ ယင်းမုန်တိုင်းသည် တစ်နာရီ လေတိုက်နှုန်း ၁၀၂ မိုင်ရှိကြောင်း ဟောင်ကောင်မိုးလေဝသဌာနက ပြောပြီး အားပြင်းတိုင်ဖုန်းမုန်တိုင်းအဖြစ် သတ်မှတ်ထားသည်။

ဟာသင်းပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုအတွင်း လူတစ်ဦးသေဆုံးခဲ့သည်ဟု နိုင်ငံပိုင်သတင်းက ဖော်ပြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly