ရန်ကုန်၊ စက်တင်ဘာ ၁၂၊ ၂၀၁၇ ခုနှစ် ။ ။ မြန်မာ့ငွေရေးကြေးရေးစီမံခန့်ခွဲမှုကဏ္ဍတွင် ကျွမ်းကျင်သူများစွာလိုအပ်နေပြီးအလုပ်အကိုင်ခန့်ထားလိုမှုများများပြားနေကြောင်းဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများကသုံးသပ်သည်။
အင်တာနက်ကိုအသုံးပြု၍ အလုပ်ခေါ်ယူမှုများတွင် ဘဏ်လုပ်ငန်းဆိုင်ရာ၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာနှင့် စာရင်းကိုင် ဝန်ထမ်းလိုအပ်ချက်သည် ၆ လခန့်တိုက်မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ၏ ထိပ်တန်းအလုပ်အကိုင်ရှာဖွေရေး Web portal တစ်ခုဖြစ်သောJobnet.com.mm က ထုတ်ပြန်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာခြင်းအပြင် ဈေးကွက် တိုးတက်ပြောင်းလဲလာခြင်း၊ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော မြန်မာနိုင်ငံအတွင်းရှိ ဘဏ်လုပ်ငန်းဆိုင်ရာ စနစ်များဖွံ့ဖြိုးစပြုလာသောကြောင့် ယခုကဲ့သို့ Banking and Finance ပိုင်းတွင် အလုပ်အကိုင်ခန့်ထားရန် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
"မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဝင်ရောက်လာတဲ့အပြင် ငွေကြေးစီမံခန့်ခွဲမှုမှာတကယ်ကျွမ်းကျင်သူတွေလိုအပ်လာတယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်းတင်ကျပ်လာပြီး နိုင်ငံတကာစံချိန်တွေနဲ့ ရေးဆွဲကြရမယ် ဆိုတော့ ဒီနယ်ပယ်မှာပိုပြီးလိုအပ်ချက်များလာတာပါ။"ဟု Win Thin and Associates Audit Firm ၏ မန်းနေးဂျင်းဒါရိုက်တာဦးမိုးကျော်ကသုံးသပ်သည်။
ဘဏ္ဍာရေးဆိုင်ရာ စီမံကွပ်ကဲမှုသည် စီးပွားရေးလုပ်ငန်းတိုင်း၏ အချက်အခြာဖြစ်ပြီးကျွမ်းကျင်မှုမြင့်မားသောဘဏ္ဍာရေးပညာရှင်များနှင့် စာရင်းကိုင်နည်းပညာများသည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးလုပ်ငန်းတိုင်းမှာရှိဖို့လိုအပ်သောကြောင့် ယခုကဲ့သို့ အလုပ်အကိုင်ခေါ်ယူမှုများလာခြင်းဖြစ်ကြောင်းလည်း သိရသည်။
"ဘဏ်လုပ်ငန်းတွေ၊ ငွေကြေးလုပ်ငန်းတွေ သဖြင့် ဖွံ့ဖြိုးလာတဲ့ အတွက် မြန်မာနိုင်ငံမှာငွေကြေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီးအလုပ်အကိုင်ခန့်ထားလိုမှုတွေဟာများပြားနေပါတယ်။ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လျက်ရှိတဲ့ မြန်မာနိုင်ငံအတွင်းကဘဏ်လုပ်ငန်းဆိုင်ရာစနစ်များအတွက် ယခုထက်ပိုမိုပြီးဖွံ့ဖြိုးတိုးတက်လာစေပြီးလက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲများကိုဖြေရှင်းကျော်လွှားနိုင်ဖို့ ရည်ရွယ်ပြီးJobnet.com.mmကနေဦးဆောင်ပြီးJobnet Banking and Finance Career Conference 2017 ကိုလည်းမကြာခင်မှာကျင်းပပေးတော့မှာဖြစ်ပါတယ်။"ဟုJobnet.com.mm ၏ မန်းနေးဂျင်းဒါရိုက်တာ Mr. Matt De Luca ကပြောသည်။
သို့သော်လည်းအင်တာနက်မှတဆင့် အလုပ်လျောက်ထားမှုများတွင် Engineering ကဏ္ဍသည် အလုပ်အကိုင်လျောက်ထားမှုအများဆုံးဖြစ်နေပြီးဒုတိယအနေဖြင့် အရောင်းနှင့် ဈေးကွက်ရှာဖွေရေးအလုပ်အကိုင်များကိုပို၍ စိတ်ဝင်စားကြကြောင်းတွေ့ရရှိသည်။ ဘဏ်လုပ်ငန်း၊ ငွေကြေးစီမံခန့်ခွဲမှုနှင့် စာရင်းကိုင်အလုပ်အကိုင်ပိုင်းသည် တတိယနေရာတွင်လျောက်ထားမှုအများဆုံးရပ်တည်နေသည်။
About www.jobnet.com.mm။ ။ “အကောင်းမွန်းဆုံးသောအလုပ်အကိုင်များအတွက် !မြန်မာ့နံပတ် (၁) အလုပ်အကိုင်ရှာဖွေရေးဝဘ်ဆိုဒ်ဖြစ်တဲ့JobNet.com.mmမှာယခုပဲစတင်ရှာဖွေလိုက်ပါ။ JobNet.com.mm ဟာမြန်မာပြည်ရှိ ထိပ်တန်းကုမ္ပဏီကြီးများအတွက် မှန်ကန်သင့်တော်သောအလုပ်သမားများ ရှာဖွေပေးမှုနှင့်အလုပ်အကိုင်ရှာဖွေနေသူများအတွက်လည်း အခြားမည်သည့်နေရာတွင်မှ ရှာဖွေမရနိုင်တဲ့ အကောင်းမွန်ဆုံးသော အလုပ်အကိုင်များ ရရှိနိုင်ရန် ကြိုးစားလုပ်ဆောင်ကူညီပေးနေတဲ့ ဝဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။JobNet.com.mmဝဘ်ဆိုဒ်တွင် ထောင်ပေါင်းများစွာသော job vacancies များကို အွန်လိုင်းမှတဆင့် click တချက်တည်းဖြင့် ရှာဖွေတွေ့ရှိနိုင်ပြီ ဖြစ်ပါတယ်။
About Matt De Luca
Matt De Luca ဟာ JobNet.com.mm ရဲ့မန်နေးဂျင်းဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။၎င်းဟာ၂၀၁၅ခုနှစ်အတွင်း JobNet.com.mmအား Co-founding မပြုလုပ်မှီ PricewaterhouseCoopers (PWC) ရဲ့ Management Consulting Division ပိုင်းမှာလုပ်ကိုင်ခဲ့ပြီးသူ့အနေနဲ့နယ်သာလန်နိုင်ငံမှာ technology အခန်းကဏ္ဍရဲ့ Banking ပေါ်မှာ အကျိုးသက်ရောက်မှုနှင့်ပတ်သက်ပြီး အထူးတာဝန်ယူ လုပ်ဆောင်ရတာဖြစ်ပါတယ်။ Matt ဟာ JobNet.com.mmကိုဝင်ရောက်မလုပ်ကိုင်မှီမြန်မာနိုင်ငံအတွင်းစီးပွားရေးဝင်ရောက်လုပ်ကိုင်မှုအဖြစ်လုပ်ကိုင်ခဲ့သော Rocket Internet ရဲ့အလုပ်အကိုင်ဆိုဒ်တစ်ခုမှာ လုပ်ကိုင်ခဲ့ပါတယ်။ Matt ဟာ Erasmus University၊ Rotterdam School of Management မှ Science in Finance ဘာသာရပ်တွင် Master ကိုင်ဆောင်ထားသူလည်း ဖြစ်ပါတယ်။ Matt ဟာရန်ကုန်တွင်အခြေချနေပြီးမြန်မာနိုင်ငံ JobNet.com.mmရဲ့တိုးတက်မှုကို ဦးဆောင်မှုပြုနေသူလည်း ဖြစ်ပါတယ်။