ဘောလုံးပွဲ လောင်းသူတစ်ဦး အဖမ်းခံရ

ဘောလုံးပွဲ လောင်းသူတစ်ဦး အဖမ်းခံရ
ဓာတ်ပုံ-မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ စက်တင်ဘာလ  ၁၁ ။          ။ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်တွင် ဘောလုံးပွဲ လောင်းကစား ပြုလုပ်သူတစ်ဦးကို  သက်သေခံပစ္စည်းများ၊   လောင်းကြေးငွေ ၂၈၈,၅ဝဝ ကျပ်နှင့်အတူဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လောင်းကစားသတင်းအရ သက်သေ များနှင့်အတူ စက်တင်ဘာလ ၁ဝ ရက်၊ ညနေ ၅ နာရီအချိန်တွင် ငွေတော်ကျီကုန်းရပ်ကွက်နေ အသက် ၄၈ နှစ်အရွယ် မိုးဝေ(ခ)ညွန့်ဝေဆိုသူ၏နေအိမ်အား ရဲတပ်ဖွဲ့ကဝင်ရောက်ရှာဖွေခဲ့ရာ ဘောလုံးပွဲလောင်းကစားရာတွင် အသုံးပြု သည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၂၈၈,၅ဝဝ ကျပ်နှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုးဝေ(ခ)ညွန့်ဝေဆိုသူအား ပြည်ကြီး တံခွန်မြို့မရဲစခန်း က (ပ)၇ဝ၄/၂ဝ၁၇၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က) အရအမှုဖွင့် စစ်ဆေးနေကြောင်း သိရ သည်။

ထို့ပြင် စက်တင်ဘာလ ၁ဝ ရက်နေ့၊ ည ၇ နာရီကျော်အချိန်တွင်  မတ္တရာမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဓမ္မာရုံအနီး စက်ဘီးစီးနင်းလာသည့် မတ္တရာမြို့နယ်၊ သရက်တောကျေးရွာနေ အသက် ၄၇ နှစ်အရွယ် ထွန်းသင်းဆိုသူ အား ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ ၎င်း၏လွယ်အိတ်ထဲမှ ဘောလုံးပွဲလောင်းကစားရာတွင် အသုံးပြုသည့် စာရွက် စာ တမ်းများနှင့် လောင်းကြေးငွေ ၄၄,၄ဝဝ ကျပ်ကို တွေ့ရှိခဲ့သည်။

အဆိုပါ ထွန်းသင်းဆိုသူကိုလည်း မတ္တရာမြို့မရဲစခန်းတွင် (ပ)၂၆ဝ/၂ဝ၁၇၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က) အရအမှုဖွင့် စစ်ဆေးနေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly