မက္ကဆီကို ငလျင်ကြောင့် သေဆုံးသူဦးရေ ၆၁ ဦးထိ ရှိလာ

By AFP
09 September 2017
မက္ကဆီကို ငလျင်ကြောင့် သေဆုံးသူဦးရေ ၆၁ ဦးထိ ရှိလာ

 

စက်တင်ဘာ ၉ ။               ။ ရာစုနှစ်အတွင်း အားအပြင်းဆုံး မက္ကဆီကို ငလျင်ကြောင့် သေဆုံးသူဦးရေဟာ ၆၁ ဦးထက်မနည်း ရှိလာပြီ ဖြစ်ပြီး အပျက်အစီးများကြား အသက်ရှင်ကျန်ရစ်နေနိုင်သူများကို ကယ်ဆယ်ရေးသမားများက ဆက်လက်ကြိုးပမ်းရှာဖွေနေလျက်ရှိပါတယ်။

ပြင်းအား ၈ ဒသမ ၁ အဆင့်ရှိ ငလျင်ဒဏ် အပြင်းထန်ဆုံး ထိခိုက်ခဲ့တဲ့ နိုင်ငံတောင်ပိုင်းဒေသမှာ ပြိုကျခဲ့တဲ့ အိမ်၊ ဘုရားကျောင်းနဲ့ ကျောင်းဆောင် အဆောက်အအုံ အပျက်အစီးတွေ အောက်မှာ အသက်ရှင်ကျန်ရစ်နေသူ ဒါမှမဟုတ် သေဆုံးသွားသူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေပါတယ်။

ငလျင်ကြောင့် သေဆုံးသူစာရင်းမှာတော့  Oaxaca မြို့မှာ ၄၅ ဦး၊ Chiapas ပြည်နယ်မှာ ၁၂ ဦး၊ Tabasco ပြည်နယ်မှာ လေးဦး တို့ ရှိခဲ့ပြီ ဖြစ်ကြောင်း မက္ကဆီကိုသမ္မတ Pena Nieto က ပြောပါတယ်။

ဒါပေမယ့်လည်း အမှန်တကယ် သေဆုံးသူဦးရေဟာ ၈၀ ကျော်ထိ ရှိလာနိုင်ကြောင်းလည်း ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။

မက္ကဆီကိုတွင် ယခုကဲ့သို့ အားပြင်း ငလျင်နဲ့ ကြုံတွေ့ထားရပြီး  နိုင်ငံအရှေ့ပိုင်းမှာလည်း ယခုအခါ ဟာရီကိန်း Katia ကြောင့် မိုးသည်းထန်စွာ ရွာသွန်းနေပြီး လူသေဆုံးမှုရှိနိုင်သည့်   ရေကြီးမြေပြိုဖြစ်စဉ်များနှင့်လည်း ထပ်မံကြုံတွေ့ရနိုင်ကြောင်း သတိပေးမှုများ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly