ဇန်နဝါရီအပြောင်းအရွှေ့တွင် ဆန်းချက်ဇ်ကို ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူနိုင်မည်ဟု မန်စီးတီးယုံကြည်နေ

ဇန်နဝါရီအပြောင်းအရွှေ့တွင် ဆန်းချက်ဇ်ကို ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူနိုင်မည်ဟု မန်စီးတီးယုံကြည်နေ

စက်တင်ဘာ ၆၊ အင်္ဂလန် ။       ။ မန်စီးတီးအသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀ မျှဖြင့် ခေါ်ယူနိုင်မည်ဟု ယုံကြည်နေသည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလက ဆန်းချက်ဇ်ကို ခေါ်ယူနိုင်ရန် အလွန်နီးစပ်ခဲ့သေးသည်။ ဆန်းချက်ဇ်အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၆၀ ပေးယူရန်လည်း နှစ်သင်းစလုံး သဘောတူညီခဲ့ပြီး ဖြစ်သည်။

သို့သော် အာဆင်နယ်အသင်းက မိုနာကိုကစားသမားလီမာကို ခေါ်ယူနိုင်ခြင်းမရှိသည့်အတွက် ဆန်းချက်ဇ်ကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

ဆန်းချက်ဇ်၏ စာချုပ်သက်တမ်းမှာ လာမည့်ဇန်နဝါရီလတွင် ခြောက်လသာ ကျန်ရှိတော့မည်ဖြစ်သည်။ ထို့ကြောင့် မန်စီးတီးအသင်းက ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူနိုင်မည်ဟု ယုံကြည်နေခြင်းဖြစ်သည်။ အာဆင်နယ်အသင်းအနေဖြင့် ဆန်းချက်ဇ်ကို ဆက်လက်ထိန်းသိမ်းထားမည်ဆိုပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမည် ဖြစ်သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကို ထိုသတင်းများနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် ၎င်းအနေဖြင့် အခြားအသင်းမှ ကစားသမားများအကြောင်းကို ပြောလေ့မရှိကြောင်း ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း အိတ်ပရက်စ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly