ဘူးသီး​တောင်​မြို့မစခန်​းမှ ရဲတပ်​ကြပ်​ကြီးတစ်​​ဦး သေနတ်ဒဏ်ရာဖြင့် ​သေဆုံး

ဘူးသီး​တောင်​မြို့မစခန်​းမှ ရဲတပ်​ကြပ်​ကြီးတစ်​​ဦး သေနတ်ဒဏ်ရာဖြင့် ​သေဆုံး
မောင်တောမြို့တွင် လုံခြုံရေးစောင့်ကြည့်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ-ဇေယျာမော်

 

ဘူးသီးတောင်၊ စက်တင်ဘာ ၅ ရက်။              ။ ဘူးသီးတောင် မြို့မ ရဲစခန်းမှ ရဲတပ်ကြီးတစ်ဦးမှာ ယမန်နေ့က ARSA အကြမ်းဖက်အဖွဲ့များ၏ သြတ်ဖတ်ခြင်းကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၄ ရက်နေ့က သေဆုံးသူမှာ ရဲတပ်ကြပ်ကြီး ဦးဦးလှဖော် အသက် (၅၅)နှစ် ဖြစ်ကြောင်း သိရသည်။

"ဘူးသီးတောင်စခန်းနဲ့ ၄ မိုင်အကွာမှာ တပ်ကြပ်ကြီးအလောင်းကို ဒဏ်ရာတွေနဲ့ သေဆုံး ပြီးတော့ တွေ့ရပါတယ်။ အခင်းဖြစ်တဲ့နေရာကို ဥပဒေအတိုင်း သက်သေတွေ စစ်ဆေးဖို့လုပ်နေပါတယ်။ အခုတော့ အလောင်းကို ရင်ခွဲရုံကို ပို့ထား ပါတယ်။"ဟု ဘူးသီးတောင်မြို့မ စခန်းမှူး ဦးသောင်းကြွယ်က ပြောသည်။

စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် တာဝန်ဖြင့်သွားသည့် တပ်ကြပ်ကြီး ဦးဦးလှဖော်၏ အလောင်းကို စခန်းနှင့်  ၄ မိုင်အကွာ၌ သေနတ် ဒဏ်ရာဖြင့် သေဆုံးလျှက် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း  ဦသောင်းကြွယ်က ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly