ပီအက်စ်ဂျီမှ ဂွဲဒက်စ်နှင့် မန်ယူလူငယ်ကစားသမား ပါရဲရားတို့ ဗလင်စီယာအသင်းသို့ အငှားဖြင့် ပြောင်းရွှေ့

ပီအက်စ်ဂျီမှ ဂွဲဒက်စ်နှင့် မန်ယူလူငယ်ကစားသမား ပါရဲရားတို့ ဗလင်စီယာအသင်းသို့ အငှားဖြင့် ပြောင်းရွှေ့

ဗလင်စီယာအသင်းဟာ စပိန်လာလီဂါ ရဲ့ ပြောင်းအ ရွှေ့ပိတ်သိမ်းချိန်မတိုင်မီ ပီအက်စ်ဂျီတောင်ပံကစားသမား ဂွန်ကာလို ဂွဲဒက်စ်နှင့် မန်ယူကွင်းလယ်လူ အန်ဒရေ(စ်) ပါရဲရားတို့ကို တစ်ရာသီအငှားဖြင့် ခေါ်ယူနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အပြောင်းအရွှေ့အတွင်း အမ်ဘတ်ပီနှင့် နေမာတို့ကို ပိုင်ဆိုင်ခဲ့ပြီးနောက် ဇန်နဝါရီလက ဘင်ဖီကာအသင်းမှ ယူရိုသန်း ၃၀ နဲ့ ရောက်ရှိလာတဲ့ အသက် ၂၀ အရွယ် ဂွန်ကာလိုကို ဗလင်စီယာအသင်းထံ အငှားချခဲ့တာဖြစ်ပါတယ်။

ပါရဲရားဟာ မန်ယူအသင်းကနေ ထွက်ခွာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ရပေမယ့် ပေါ့ဂ်ဘာ၊ မာတစ်၊ ဟာရဲရာ၊ ကားရစ်၊ မာတာနှင့် ဖလိုင်နီတို့လို ရွေးချယ်စရာ ကွင်းလယ်လူများစွာ ပိုင်ဆိုင်ထားတဲ့ နည်းပြမော်ရင်ဟိုက ၎င်းကို နောက်ထပ်အတွေ့အကြုံတွေရရှိဖို့ အငှားနဲ့ စေလွှတ်ခဲ့ပါတယ်။

လာလီဂါဆီ နောက်တစ်ကြိမ်ပြန်ရောက်လာတဲ့ အသက် ၂၁ နှစ်အရွယ် ပါရဲရားဟာ ပြီးခဲ့တဲ့ ရာသီက ဂရန်နာဒါအသင်းဆီ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး လိဂ်ပွဲ ၃၅ ပွဲမှာ ၅ ဂိုးသွင်းယူခဲ့ကာ ခြေစွမ်းကောင်းမွန်ခဲ့ပါတယ်။

နည်းပြ မာစီလီနိုရဲ့ ဗလင်စီယာအသင်းဟာ နိုင်ငံတကာပွဲတွေမတိုင်မီ ရီးယဲလ်အသင်းကို အဝေးကွင်းမှာ ၂-၂ နဲ့ သရေပွဲအပါအဝင် လာလီဂါ နှစ်ပွဲမှာ ရှုံးပွဲမရှိသေးပေ။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly