မောင်တောတွင် စစ်အုပ်ချုပ်ရေးကြေငြာပေးရန် ဆရာတော်ဦးဝီရသူတောင်းဆို

မောင်တောတွင် စစ်အုပ်ချုပ်ရေးကြေငြာပေးရန် ဆရာတော်ဦးဝီရသူတောင်းဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ သြဂုတ် ၃၀ ။          ။ အကြမ်းဖက်မှုများဖြစ်ပွားနေသည့် ဘူးသီးတောင်၊ မောင်တောတွင် စစ်အုပ်ချုပ်ရေးကြေငြာပေးရန် အမျိုးသားရေး ဆရာတော်  ဆရာတော် ဦးဝီရသူက ယနေ့တောင်းဆိုလိုက်သည်။

ယနေ့ (သြဂုတ် ၃၀ ရက် ) ရန်ကုန်မြို့တော်ခန်းမ ရှေ့တွင်ပြုလုပ်သည့် “ ကိုဖီအာနန် အစီရင်ခံစာအား ကန့်ကွက်ပွဲနှင့် ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများအား ဆန့်ကျင်ရှုံချပွဲ “ တွင် မိန့်ခဲ့ခြင်းဖြစ်သည်။

“ မောင်တောမြို့ကြီးအချုပ်အခြာ အာဏာအထိခိုက်ခံမလား အကျအဆုံးခံမလား စစ်အုပ်ချုပ်ရေးပြဌာန်းပေးမလား။ ကြိုက်ရာရွေးလိုက်ပါ “ ဟု ဆရာတော် ဦးဝီရသူက မိန့်ဆိုသည်။

မောင်တောဒေသရှိ အချို့နေရာများတွင် လုံခြုံရေးအင်အား နည်းပါးသောကြောင့် အစိုးရဝန်ထမ်းများနှင့် ဒေသခံများမနေထိုင်ရဲအောင် ဖြစ်နေကြာင်းလည်း မိန့်သည်။

ထို့ကြောင့် မောင်တောမြို့လုံခြုံရေးအတွက် “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” ကိုခေါ်ယူကာ မာရှယ်လော (စစ်ဘက်အုပ်ချုပ်ရေး) ပြဌာန်းပေးသင့်ကြောင်းလည်းမိန့်ဆိုသည်။

“ မာရှယ်လော ဥပဒေပြဌာန်းလို့ ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်လုံခြုံသွားပြီဆိုရင်  စစ်တပ်တစ်ခုပဲနာမည်ရမှာ မဟုတ်ပါဘူး။ စစ်တပ်တစ်ခုတည်းကိုပဲပြည်သူတွေက ကျေးဇူးတင်ကြမှာ မဟုတ်ပါဘူး။ ဒါတွေကို ပြဌာန်းပေးလိုက်တဲ့ လွှတ်တော်ကိုလည်းကျေးဇူးတင်ကြမှာပဲ။ အစိုးရကိုလည်း ကျေးဇူးတင်ကြမှာပဲ “ ဟု ဆရာတော် ဝီရသူက မိန့်သည်။

ယနေ့ ပြုလုပ်ခဲ့သည့် “ ကိုဖီအာနန် အစီရင်ခံစာအား ကန့်ကွက်ပွဲနှင့် ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများအား ဆန့်ကျင်ရှုံ့ချပွဲ “ တွင် ပွဲစီစဉ်သူတစ်ဦးက အကြမ်းဖက်တိုက်ခိုက်မှုများကို ရှုံ့ချကြောင်းနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကိုလည်း ပြင်ဆင်ရန်မလိုကြောင်း ထုတ်ပြန် ချက်ကို ဖတ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly