ဒမ်ဘီလီ၏နေရာတွင် အစားထိုးရန် ယာမိုလန်ကိုအား ဒေါ့တ်မွန်အသင်းခေါ်ယူ

ဒမ်ဘီလီ၏နေရာတွင် အစားထိုးရန် ယာမိုလန်ကိုအား ဒေါ့တ်မွန်အသင်းခေါ်ယူ

သြဂုတ် ၂၉၊ ဂျာမနီ ။               ။ ဒေါ့တ်မွန်အသင်းသည် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် ဒမ်ဘီလီ၏နေရာတွင် အစားထိုးရန် ဒိုင်နမိုကိဗ်အသင်းမှ ယူကရိန်းကွင်းလယ်ကစားသမား ယာမိုလန်ကိုအား ခေါ်ယူလိုက်သည်။

ဘာစီလိုနာအသင်းက ဒမ်ဘီလီကို နူးကမ့်ကွင်း၌ မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်သည့်အချိန်တွင် ဒေါ့တ်မွန်အသင်းကလည်း ယာမိုလန်ကိုအား လက်မှတ်ရေးထိုးခြင်း ပြုလုပ်ခဲ့သည်။

အသက် ၂၇ နှစ်အရွယ်ရှိယာမိုလန်ကိုသည် ဒိုင်နိမိုကိဗ်အသင်းနှင့်အတူ ၁၀ နှစ်ခွဲကြာ ကစားခဲ့ပြီး အမှတ်ပေးချန်ပီယံဆု သုံးကြိမ် ရယူပေးနိုင်ခဲ့သူ ဖြစ်သည်။

ဒေါ့တ်မွန်အသင်းသည် ယာမိုလန်ကိုအတွက် ယူရိုသန်း ၃၀ ပေးချေခဲ့ရသည်ဟု သတင်းများက ဆိုပြီး ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ ယာမိုလန်ကိုသည် ဒေါ့တ်မွန်တွင် ကျောနံပါတ် ၉ ဂျာစီကို ဝတ်ဆင်ကစားမည် ဖြစ်သည်။

“ဒေါ့တ်မွန်အသင်းကို ပြောင်းရွှေ့နိုင်ခဲ့လို့ အလွန်ဝမ်းသာပါတယ်။ ဥရောပထိပ်သီးအသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ကစားလိုတဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ ဒေါ့တ်မွန်အသင်းရဲ့ မြင့်မားတဲ့ရည်မှန်းချက်တွေ အောင်မြင်ပြည့်မြောက်အောင် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ဒါက ကျွန်တော်အမြဲ ပြုလုပ်ခဲ့တဲ့ အရာပါပဲ” ဟု ယာမိုလန်ကိုက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဘွန်ဒက်စ်လီဂါ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly