မောင်တောတွင် ပညာရေး ဝန်ထမ်း ၄၀၀ ကျော်ပိတ်မိနေဆဲ

မောင်တောတွင် ပညာရေး ဝန်ထမ်း ၄၀၀ ကျော်ပိတ်မိနေဆဲ
မောင်တောမှ ပြောင်းရွေ့လာသော ဒုက္ခသည်များကို တွေ့ရစဉ်။ ဓာတ်ပုံ-EPA
 

ရန်ကုန်၊ သြဂုတ် ၂၈ ။              ။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသရှိတိုက်ခိုက်မှုများကြောင့် ပညာရေးဝန်ထမ်း ၄၀၀ ကျော်ခန့် ပိတ်မိနေဆဲဖြစ်ကြာင်း မောင်တောခရိုင် ပညာရေးမှူး ဦးအုန်းမြင့်ကပြောသည်။

“ပညာရေးကကြီးကပဲ ၄၀၀ ကျော် ကျန်းမာရေးကလည်းရှိမယ် အုပ်ချုပ်ရေးကလည်းရှိမှာပဲ။ တချို့ကစုရပ်မှာနေတယ်။ တချို့ကလည်းပဲတောင်ပေါ် တတ်ပြီးပြေးနေကြတယ်ပေါ့။ လုံခြုံတဲ့နေရာလေးတွေ။ တမန်းသား မှာအများဆုံးရှိမယ်။ မောင်တောမြောက်ခြမ်း" ဟု ၎င်းကပြောဆိုသည်။

သြဂုတ် ၂၅ရက်က အကြမ်းဖက်တိုက်ခိုက်မှုများစတင်ဖြစ်ပွားချိန်ကစပြီး မောင်တောမြို့နယ်ရှိ စာသင်ကျောင်း ၄၀၀ ခန့်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ရာ ပညာရေးဝန်ထမ်းများအနေဖြင့် နီးစပ်ရာလုံခြုံသည့်နေရာများ တိမ်းရှောင်နေရသည်။

မောင်တောတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ပြည်နယ်အစိုးရ၏ လတ်တလောစာရင်းအရ နေရပ်စွန့်ခွာလာသူ ၄၀၀၀ ကျော်ရှိနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ဘူးသီးတောင်မြို့နယ်မှ ပညာရေး၊ ကျန်းမာရေး၊ ရဲဝန်ထမ်း မိသားစု စုစုပေါင်း ၄၀၀ ကျော်ကို သြဂုတ် ၂၈ရက် နံနက်က စစ်တွေသို့ပို့ဆောင်ထားကြောင်းလည်းသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပညာရေးဝန်ထမ်း “ဘယ်လောက်ပို့မှန်းမသိသေးဘူး" ဟု ဦးအုန်းမြင့်ကပြောသည်။

မောင်တောခရိုင်တွင်ပိတ်ထားသည့် စာသင်ကျောင်းပေါင်း ၁၈၃ ကျောင်းနှင့် ဘူးသီးတောင်မြို့နယ်တွင် ၂၂၁ ကျောင်းရှိကာ ရသေ့တောင်တွင် ကျောင်းပေါင်း ၂၀ အားလုံး စုစုပေါင်း ၄၂၄ ကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားရသည်။

အဆိုပါကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသားဦးရေ ခန့်မှန်းခြေ တစ်သိန်းခွဲခန့် ရှိနေကြာင်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly