အကြမ်းဖက်မှုဖြစ်ပွားသည့် မောင်တောဒေသသို့ ရခိုင်ဝန်ကြီးချုပ် သွားရောက်

အကြမ်းဖက်မှုဖြစ်ပွားသည့် မောင်တောဒေသသို့ ရခိုင်ဝန်ကြီးချုပ် သွားရောက်
ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

ရန်ကုန်၊ သြဂုတ် ၂၈ ။              ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ရခိုင်မြောက်ပိုင်းတွင် တိုက်ခိုက်မှုစတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ ၃ ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် မောင်တော နှင့် ဘူးသီးတောင်သို့သွားရောက်ကာ စားနပ်ရိက္ခာများထောက်ပံ့နိုင်မည့်အခြေအနေများကို သွားရောက်လေ့လာခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ထို့အပြင် မောင်တော ဒေသအတွင်းရှိ ပြည်သူများ၊ နိုင်ငံံ့ဝန်ထမ်းများကို ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းထားနိုင်မှု အခြေအနေများကို ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇောနှင့် ဆွေးနွေးခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ သြဂုတ် ၂၇ ရက်က ဘူးသီးတောင်မြို့သို့ ရောက်ရှိပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးထောက်ပံ့ပေးခဲ့သေးကြောင်းသိရသည်။

နေရပ်စွန့်ခွာလာသည့် ဒေသခံ ဘူးသီးတောင်တွင် ၇၀၀၊ မောင်တော ၃၃၀၀ ခန့်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့မှသိရသည်။

လူမှုဝန်ထမ်းကယ်ဆေးရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာ ချမ်းသာ တို့သည် ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော နှင့်တွေဆုံပြီး လုံခြုံရေးနှင့် ရိက္ခာ ထောက်ပံ့ နိုင်မည့်အခြေအနေများကို သွားရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly