စတာလင်းအနီကတ်ပြသခံရခြင်းကို ရှင်းပြရန် မန်စီးတီးနည်းပြ ဂွါဒီယိုလာတောင်းဆို

စတာလင်းအနီကတ်ပြသခံရခြင်းကို ရှင်းပြရန် မန်စီးတီးနည်းပြ ဂွါဒီယိုလာတောင်းဆို

သြဂုတ် ၂၇၊ အင်္ဂလန် ။           ။ ဘုန်းမောက်ကို ၁-၂ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ၎င်းတို့အသင်း၏ တောင်ပံကစားသမား စတာလင်းအနီကတ်ပြသခံရခြင်းနှင့် ပတ်သက်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာက ရှင်းလင်းပေးရန် တောင်းဆိုလိုက်သည်။

ထိုပွဲစဉ်တွင် စတာလင်းသည် နောက်ဆုံးနာကျင်အချိန်ပို၌ အနိုင်ဂိုးသွင်းယူပြီးနောက် မန်စီးတီးပရိသတ်များနှင့်သွားရောက်အောင်ပွဲခံခဲ့ရာ ဒိုင်လူကြီးမိုက်ဒိန်းက ဒုတိယအဝါကတ်ပြသပြီး အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်နားမလည်နိုင်ပါဘူး။ ဒီလိုဘာကြောင့် အနီကတ်ပြရတယ်ဆိုတာ ကျွန်တော့်ကိုသူတို့ ရှင်းပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်တို့က ပရိသတ်တွေနဲ့ အောင်ပွဲမခံရတော့ဘူးလား။ ပရိသတ်မပါပဲ ကျွန်တော်တို့ ကစားရမှာလား" ဟု ပြောဆိုခဲ့သည်။

ဘောလုံးဥပဒေတွင် ကစားသမားတစ်ဦးအနေဖြင့် ပရိသတ်များထံသို့ သွားရောက်ခြင်း၊ သို့မဟုတ် အောင်ပွဲခံခြင်း ပြုလုပ်ပါက ဒိုင်လူကြီးအနေဖြင့် ၎င်းတို့၏လုံခြုံရေးအတွက် သတိပေးခြင်းသာ ပြုလုပ်ရမည်ဖြစ်သည်။

စတာလင်း၏အနီကတ်အတွက် နယူးကာဆယ်တိုက်စစ်မှူးဟောင်းအလန်ရှီးယားကလည်း ဝေဖန်ခဲ့ပြီး ယင်းမှာ ဥပဒေဆိုပါက ထိုဥပဒေကို ချပြရန် တောင်းဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly