မလေးရှားနှင့် မြန်မာ ပွဲအပြီး ရန်ပြုခံရသူ ၁၀ ယောက်ကို မြန်မာသံရုံးမှ ဆေးဝါးစရိတ်ပေးအပ်

မလေးရှားနှင့် မြန်မာ ပွဲအပြီး ရန်ပြုခံရသူ ၁၀ ယောက်ကို မြန်မာသံရုံးမှ ဆေးဝါးစရိတ်ပေးအပ်
ဓာတ်ပုံ- မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး

ရန်ကုန်၊ သြဂုတ် ၂၄ ။            ။ မလေးရှားနှင့် မြန်မာဘောလုံးပွဲစဉ်အပြီး အုပ်စုဖွဲ့့ရန်ပြုခံရခဲ့သည် မြန်မာနိုင်ငံသား ၁၀ ယောက်ကို ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ ဆေးဝါးစရိတ် သွားရောက်ပေးအပ်ခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်လိုက်သည်။

မလေးရှားနိုင်ငံတွင် သြဂုတ် ၂၁ရက်၊ တနင်္လာနေ့တွင် ပြုလုပ်ခဲ့သည့် မြန်မာနှင့် မလေးရှားအသင်းတို့၏ ဘောလုံးပွဲစဉ်အား လာရောက်ကြည့်ရှုခဲ့ကြသည့် မြန်မာနိုင်ငံ သားအချို့မှာ Stadium Shah Alam အနီးတွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သြဂုတ်လ ၂၄ မနက်ပိုင်းတွင် ထုတ်ပြန်သည်။

မလေးရှားနိုင်ငံ ဘလက်ခေါင်းတွင်နေထိုင်သူ မြန်မာ ၃ ဦး၊ ကလန်းမြို့နေ ၃ ဦးနှင့် ဘန်ဒန်းမြို့နေ ၄ ဦး စုစုပေါင်း ၁၀ ဦးသည် အုပ်စုဖွဲ့ရိုက်နက်ခံခဲ့ရသောကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြခြင်းဖြစ်သည်။

 ထို့အပြင် ဘလက်ခေါင်းတွင်နေထိုင်သူ ကိုမျိုးဇော်နှင့် ကိုအောင်ကြီးတို့၏ Ecard ၊ နိုင်ငံကူးလက်မှတ်မိတ္တူ ၊ ပိုက်ဆံအိတ်နှင့် လက်ကိုင်ဖုန်းများ ပျောက်ဆုံးခဲ့ကြကြောင်းလည်း သိရှိရပါသည်။

တိုက်ခိုက်ခံရသည့် ဖြစ်စဉ်အချို့ ဖြစ်ပွားခဲ့ခြင်းအား မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ (OPAMM) အဖွဲ့ဝင်များမှ သွားရောက်မေးမြန်းစဉ် ဆေးဝါးကုသစရိတ်များထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

​လေးရှားတွင်​ မြန်​မာဘောလုံးပွဲအပြီး ရိုက်​နှက်​ခံရ၍ ​ဆေးရုံတက်​​နေသည်​့ မေးရိုးကျိုး လူနာ ကိုမင်းစိုးအပါအဝင် အခြားမြန်မာ ၁ ဦး မှာ ဆေးရုံမှ ဆင်​းနိုင်​ပြီဖြစ်​​ပြီး အများစုမှာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်းလည်းသိရသည်။

မြန်မာပရိသတ်များကို ရိုက်နှက်ခဲ့သူများအား ရဲတပ်ဖွဲ့က ရှာဖွေနေပြီ ဖြစ်ကြောင်း မလေးရှားတာဝန်ရှိသူများက ထုတ်ပြန်ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly