အာစင်ဝင်းဂါးနှင့်အလေးအနက်ဆွေးနွေးပြီးနောက် အသင်းတွင် ဝီလ်ရှီးယား ဆက်နေခွင့်ရဖွယ်ရှိ

အာစင်ဝင်းဂါးနှင့်အလေးအနက်ဆွေးနွေးပြီးနောက် အသင်းတွင် ဝီလ်ရှီးယား ဆက်နေခွင့်ရဖွယ်ရှိ

သြဂုတ် ၂၃၊ လန်ဒန် ။                ။ အလေးအနက်ဆွေးနွေးခဲ့ကြပြီးနောက် အာစင်ဝင်းဂါးသည် ကွင်းလယ်ကစားသမား ဂျက်ဝီလ်ရှီးယားကို နောက်ထပ်အခွင့်အရေး တစ်ခုထပ်ပေးရန် အဆင်သင့်ဖြစ်နေသည်။

အာဆင်နယ်နည်းပြသည် ကစားသမားဖြစ်သူနှင့် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းက ဆွေးနွေးခဲ့ပြီး အသင်းတွင် ဆက်နေရန် နှင့် ပွဲထွက်ခွင့်အတွက်တိုက်ပွဲဝင်ရန် တိုက်တွန်းထားသည်။

အင်္ဂလန်ကွင်းလယ်ကစားသမားအနေဖြင့် မန်စီးတီးယူ ၂၃ အသင်းနှင့်ပွဲတွင်ရခဲ့သည့် အနီကတ်ပြစ်ဒဏ်မှာ ၎င်း၏အနာဂါတ်ကို ထိခိုက်စေဖွယ်ရှိမည်မဟုတ်ပေ။

အသက် ၂၅ နှစ်အရွယ်ကစားသမားက “ကျွန်တော်ထင်ထားတာထက် စောစောစီးစီးအဆုံးသတ်ခဲ့ရပေမယ့် အမ်းမရိတ်စ် ကွင်းထဲပြန်ပြီးခြေချခွင့်ရတဲ့ ခံစားချက်က ကောင်းခဲ့ပါတယ်။ ပွဲတွေများများပြန်ကစားချင်စိတ်ပြင်းပြနေပါပြီ”ဟု လူမှုကွန်ယက် တွင် ရေးထားသည်။

အာဆင်နယ်အသင်းနှင့်စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့သည့် ဝီလ်ရှီးယားကိုစိတ်ဝင်စားနေသည့်အသင်းများတွင် အက်စတွန်ဗီလာ၊ နယူးကာဆယ်နှင့် ဆွမ်ဆီးအသင်းတို့လည်း ပါဝင်နေကြသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly