Shop.com.mm Application ကိုအသုံးပြုပြီး Samsung Galaxy S8 နှင့် S8+ ကို အထူးလျှော့ဈေးများဖြင့် ရယူလိုက်ပါ

.

  Samsung Galaxy S8 နှင့် S8+ ဖုန်းကို Shop.com.mm ၏ App အသုံးပြုပြီး ၀ယ်ယူမည်ဆိုပါက Cash Back ကျပ်တစ်သိန်းနှင့် Shop.com.mm App အသုံးပြုသည့်အတွက် အပိုလျှော့ဈေး ၅ သောင်းကျပ် စုစုပေါင်း ၁၅၀,၀၀၀ကျပ်(တစ်သိန်းခွဲ)အထူးလျှော့ဈေးဖြင့် ၀ယ်ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။

Shop.com.mm တွင် Samsung ဖုန်းများအားလုံးကို ပို့ဆောင်ခအခမဲ့ ဖြစ်သောကြောင့် မည်သည့်နေရာကိုမဆို ပို့ဆောင်ခမပေးရဘဲ မိမိအိမ်ရှေ့အရောက်မှာယူနိုင်မည် ဖြစ်ပါသည်။

Official warranty 1 year ပါဝင်ပြီး Promotion ကာလမှာ သြဂုတ်လ ၃၁ ရက်နေ့ ထိဖြစ်သည်။ Shop.com.mm App ကို Google Play Store နှင့် i Tunes Store တို့တွင် အခမဲ့ download ဆွဲနိုင်ပြီး လွယ်ကူစွာအသုံးပြုနိုင် ပြီဖြစ်သည်။ ‘ကျွန်တော်တို့ ဈေးဝယ်သူတွေအားလုံးရဲ့ ဖုန်းထဲမှာ Shop.com.mm App ထည့်ထားခဲ့မယ်ဆိုရင် အချိန်မရွေး၊ နေရာမရွေး စိတ်ချမ်းမြေ့စွာ ဈေးဝယ်နိုင်မှာပါ။

ဒါကြောင့် အခု Samsung Galaxy S8, S8+ ဖုန်းတွေကို Shop.com.mm App အသုံးပြုပြီး အော်ဒါတင်မယ်ဆိုရင် ကျပ်တစ်သိန်းခွဲအထိ အထူးလျှော့ဈေးနဲ့ ရနိုင်မှာဖြစ်လို့ App ကို အခုချက်ချင်းပဲ download ဆွဲပြီး ရယူနိုင်ပါပြီ’ ဟု Shop.com.mm ၏ မန်နေဂျင်းဒါရိုက်တာ Sumit Jasoria က ပြောကြားခဲ့သည်။

Shop.com.mm App အသုံးပြု၍ အော်ဒါတင်ရာတွင် အခက်အခဲရှိပါက Customers Service Ph No: ၀၉-၉၇၀၁၄၀၀၀၄၊ ၀၉-၉၇၀၁၆၀၀၀၆၊ ၀၉-၄၅၀၆၀၁၀၁၉၊ ၀၉-၉၇၃၂၀၃၅၆၆ ကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ https://goo.gl/7CEF9m