အမျိုးသမီး တင်းနစ်ကမ္ဘာ့နံပါတ် ၁ နေရာမှာ ပလစ်ဆကိုဗာ ရပ်တည်၊ မူဂူရူဇာ အဆင့် ၃ နေရာကို ခုန်တက်

အမျိုးသမီး တင်းနစ်ကမ္ဘာ့နံပါတ် ၁ နေရာမှာ ပလစ်ဆကိုဗာ ရပ်တည်၊ မူဂူရူဇာ အဆင့် ၃ နေရာကို ခုန်တက်
စပိန်မှ မူဂူရူဇာ (ယာ)နှင့် ချက်တင်းနစ်မယ် ပလစ်ဆကိုဗာ (ဝဲ)တို့  စင်စင်နာတီ ဆီးမီးဖိုင်နယ်မှာ သြဂုတ် ၁၉ ရက်က တွေ့ဆုံစဉ်။ (ဓာတ်ပုံ - အီးပီအေ)

အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA)က ထုတ်ပြန်လိုက်တဲ့ (အမျိုးသမီး) ကမ္ဘာ့အဆင့်သတ်မှတ်ချက်များအရ ချက်တင်းနစ်မယ် ပလစ်ဆကိုဗာက ရမှတ် ၆,၃၉၀ ဖြင့် အဆင့် ၁ နေရာမှာ ရပ်တည်နေဆီဖြစ်ပြီး စပိန်မှ မူဂူရူဇာက အဆင့် ၃ နေရာကို တက်ရောက်ခဲ့ပါတယ်။

ရိုမေးနီးယားမှ ဆီမွန်နာ ဟာလက်ပ်ဟာ တနင်္ဂနွေနေ့က စင်စင်နာတီတင်းနစ်ပြိုင်ပွဲ ဗိုလ်လွဲပွဲစဉ်မှာ ဝင်ဘယ်လ်ဒန်ချန်ပီယံ မူဂူရူဇာကို ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၁ နေရာကို လက်လွှတ်လိုက်ရကာ ရမှတ် ၆,၃၈၅ ဖြင့် အဆင့် ၂ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

ယခင်ကမ္ဘာ့နံပါတ် ၁ တင်းနစ်မယ် အန်ဂျလီကေး ခါဘာဟာ အဆင့် ၃ နေရာကနေ အဆင့် ၆ ထိ ကျဆင်းသွားတာကို တွေ့ရပါတယ်။

လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ

၁) ပလစ်ဆကိုဗာ (ချက်) ၆,၃၉၀
၂) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ၆,၃၈၅
၃) မူဂူရူဇာ (စပိန်) ၅,၈၆၀
၄) အလီနာ ဆဗီလီနာ(ယူကရိန်း) ၅,၆၅၀
၅) ကယ်ရိုလိုင်း ဝိုဇ်နီယာကီ (ဒိန်းမတ်) ၅,၃၅၀
၆) အန်ဂျလီကေး ခါဘာ (ဂျာမနီ) ရမှတ် ၅,၁၄၆
၇) ဂျိုဟာနာကွန်တာ (ဗြိတိန်) ၄,၇၅၀
၈) ကက်ခ်နက်ဇီဗာ (ရုရှား) ၄,၄၁၀
၉)  ဗီနပ်စ်ဝီလျံ (အမေရိကန်) ရမှတ် ၄,၂၁၆
၁၀) ရစ်ဝမ်စ်ကာ (ပိုလန်) ၃,၈၅၅

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly