Hellboy ဇာတ်ကားသစ်တွင် မင်းသားအက်ဒ်စခရိန်း ပါ၀င်သရုပ်ဆောင်မည်

Hellboy ဇာတ်ကားသစ်တွင် မင်းသားအက်ဒ်စခရိန်း ပါ၀င်သရုပ်ဆောင်မည်

လူကြိုက်များခဲ့သည့် Deadpool ဇာတ်ကား၌ အဓိကဗီလိန်ဇာတ်ကောင်နေရာမှ သရုပ်ဆောင်ခဲ့သော ဗြိတိန်မင်းသား အက်ဒ်စခရိန်းသည် Lionsgate မှ ထုတ်လုပ်ဖြန့်ချီမည့် Hellboy ဇာတ်ကားသစ်၌ ပါ၀င် သရုပ်ဆောင်မည်ဖြစ်သည်။

Hellboy ဇာတ်ကားတွင် အက်ဒ်စခရိန်းသည် သဘာဝလွန်ဖြစ်ရပ်ဆန်း လေ့လာရေးနှင့်ကာကွယ်ရေးဗြူရိုမှ ဗိုလ်မှူးကြီးဘန်ဒိုင်မီရိုအဖြစ် ပါ၀င်သရုပ်ဆောင်မည်ဖြစ်ပြီး သူ၏ဇာတ်ကောင်သည် ဒေါသထွက်လျှင်ဖြစ်စေ၊ နာကျင်မှုကို ကြံုတွေ့ရသည့်အချိန်တွင်ဖြစ်စေ ကျားသစ်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲနိုင်သည့် အစွမ်းကို ပိုင်ဆိုင်ထားသည်။

ထို Hellboy ဇာတ်ကားကို Game of Thrones ဇာတ်လမ်းတွဲ၏ ပဲ့ကိုင်ရှင်များထဲမှ တစ်ဦးဖြစ်သူ ဒါရိုက်တာ နီရယ်လ်မာရှယ်က ဗြိတိန်နှင့် ယူကရိန်းတို့တွင် လာမည့် စက်တင်ဘာလ၌ စတင်ကာရိုက်ကူးသွားမည် ဖြစ်သည်။

အက်ဒ်စခရိန်းသည် လွန်ခဲ့သော ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့သည့် ရုံဝင်ငွေဒေါ်လာ ရ၈၃သန်းရရှိခဲ့သော မင်းသားရိုင်ယန်ရေးနိုးလ် ဦးဆောင်ပါ၀င်ထားသည့် Deadpool ဇာတ်ကား၌ ဗီလိန်ဇာတ်ကောင် အိုင်းယက်စ် နေရာမှ သရုပ်ဆောင်ခဲ့သူဖြစ်သည်။

ဒါ့အပြင် သူသည် ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့သော The Transporter Refueled ဇာတ်ကား၌ ခေါင်းဆောင် မင်းသားအဖြစ်ပါ၀င်ခဲ့ပြီး လာမည့် ၂၀၁၈ နွေရာသီ၌ ထွက်ရှိမည့် Alita: Battle Angel ဇာတ်ကား၌လည်း ပါ၀င်သရုပ်ဆောင်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly