အန်သိုနီမာရှယ်က ၎င်းရဲ့ ပြင်သစ်နှင့် မန်ယူအသင်းဖော် ပေါလ်ပေါ့ဂ်ဘာဟာ အနာဂတ်မှာ ကမ္ဘာ့အကောင်းကစားသမား ဘလွန်းဒီအောဆုရှင်ဖြစ်လာနိုင်ကြောင်း ပြောဆိုသွားပါတယ်။
ပေါ့ဂ်ဘာဟာ ဒီလအစောပိုင်းက စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းနဲ့ ပီအက်စ်ဂျီအသင်းဆီ နေမာ မရောက်ရှိခင်က ကမ္ဘာ့စျေးအကြီးဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။
"ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားဖြစ်တယ်ဆိုတာ ကျနော် ပြောချင်ပါတယ်။"လို့ MUTV မှာ ထွက်ရှိလာမယ့် ပေါ့ဂ်ဘာရဲ့ အကြောင်းကို ရိုက်ကူးတဲ့ မှတ်တမ်းဗီဒီယိုမှာ မာရှယ်က ပြောပါတယ်။
ပေါ့ဂ်ဘာဟာ ဝက်စ်ဟမ်းနှင့် ဆွမ်ဆီးတို့ကို လေးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ခြေစွမ်းပြဂိုးတွေ သွင်းယူခဲ့ပါတယ်။
"သူဟာ လက်ရှိပုံစံကောင်းအတိုင်း ရှေ့ဆက်ကစားသွားနိုင််ပြီး အခုလိုမျိုး တိုးတက်နေအုံးမယ်ဆိုရင် သူဟာ လာမယ့် ငါးနှစ်အတွင်း ဘလွန်းဒီအောဆုကို ရရှိယူသွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။"လို့ မာရှယ်က ပြောပါတယ်။
ပေါ့ဂ်ဘာဟာ ဂျူဗီတပ်စ်အသင်းမှ မန်ယူအသင်းဆီ ပြီးခဲ့တဲ့ သြဂုတ်လက စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်ခဲ့တဲ့ ပေါင် (၈၉)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
"ကျနော်တို့ (ပေါ့ဂ်ဘာ) ယူနိုက်တက်မှာ ဆုဖလားတွေ အများကြီး ရရှိပိုင်ဆိုင်သွားချင်ပါတယ်။ ပြင်သစ်အသင်းနဲ့လည်း ကမ္ဘာ့ဖလားကို ဆွတ်ခူးသွားလိုပါတယ်။"လို့ သူက ဆိုပါတယ်။
Ref; ESPN