ထိုင်းနိုင်ငံဘုရင် ဘူမိဘောသည် ဦးနှောက်တွင်း ရေဝင်မှုကို ကုသခဲ့ရပြီး ယခုအခါ ပြန်လည်ထူထူထောင်ထောင်ဖြစ်လာပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။
အသက် ၈၇ နှစ်ရှိပြီဖြစ်သည့် ထိုင်းဘုရင် ဘူမိဘောသည် မေ ၃၁ ရက်က စတင်ကာ ဆေးရုံတက်ရောက်နေခြင်းဖြစ်ပြီး အဆုတ်ရောင်ရောဂါကိုလည်း ခံစားခဲ့ရသည်။
ပြီးခဲ့သည့်နှစ်များအတွင်း ဘူမိဘောက မကြာခဏဖျားနာမကျန်းမာခြင်းများဖြစ်လာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ထိုင်းစစ်တပ်အာဏာသိမ်းမှုတွင် နိုင်ငံရေးပဋိပက္ခများဖြစ်ပွားခဲ့ရာတွင် ထိုင်းဘုရင်က စည်းလုံးမှု၏ သင်္ကေတတစ်ရပ်အဖြစ်ရှိခဲ့သည်။ နိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်ခြင်းမရှိသော် လည်းပြည်သူပြည်သားများ သညာတွင် ဘုရင်ဘူမိဘောအား စည်းလုံးမှုလက္ခဏာတစ်ရပ်အဖြစ် တန်ဖိုးထားကြခြင်းဖြစ်သည်။ ၁၉၄၆ ခုနှစ်မှစကာ ထီးနန်းစိုးစံခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးအခြေအနေကို အနီးကပ်စောင့်ကြည့်နေရခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာက ဆီးကျိတ်တည်ခြင်းအတွက် ခွဲစိတ်ဖယ်ရှားခဲ့ရသည်။ ဘန်ကောက်ရှိဆေးရုံတွင် ခုနစ်လခန့် တက်ရောက်ခဲ့ပြီး မေလအတွင်း ဆေးရုံမှ ပြန်ဆင်းပြီး မကြာမီ ရက်သီတင်း ပတ်အနည်းငယ်အတွင်းမှာပင် ကျန်းမာရေးအခြေအနေအတွက် ဆေးရုံပြန်တင်ခဲ့ရခြင်းဖြစ်သည်။
Ref : BBC