မန်ယူတိုက်စစ်မှူးး ဟာနန်ဒက်ဇ်ကို ပေါင် ၁၂ သန်းဖြင့် ဝက်စ်ဟမ်း ကမ်းလှမ်းလို

မန်ယူတိုက်စစ်မှူးး ဟာနန်ဒက်ဇ်ကို ပေါင် ၁၂ သန်းဖြင့် ဝက်စ်ဟမ်း ကမ်းလှမ်းလို

သြဂုတ် ၁၁၊ လန်ဒန် ။        ။ ဝက်စ်ဟမ်းအသင်းသည် မန်ယူအသင်းထံမှ မက္ကဆီကိုတိုက်စစ်မှူး ဟာနန်ဒက်ဇ်ကို ပေါင် ၁၂ သန်းခန့်ဖြင့် ကမ်းလှမ်းရန် ဆန္ဒရှိနေသည်။

မန်ယူအသင်းသည် စပါးနှင့်ပွဲတွင် အသုံးမပြုခဲ့သော အရန်ကစားသမား ဟာနန်ဒက်ဇ်၏စာချုပ်နှင့်ပတ်သက်ပြီးဆုံးဖြတ်ခြင်းမရှိမီတွင် ယခု တစ်ပတ်အတွင်း ဘာစီလိုနာတိုက်စစ်မှူး ပက်ဒရိုကိုခေါ်ယူရန် ရှိနေသည်။

မန်ယူအသင်းအနေဖြင့် ဝက်စ်ဟမ်းအသင်းမှ ကမ်းလှမ်းမှုရောက်မလာမီတွင် တိုက်စစ်မှူးသစ်တစ်ဦးကို ဦးစွာခေါ်ယူလိုနေခြင်းဖြစ်သည်။

ဟာနန်ဒက်ဇ်သည် ယမန်နှစ်က ရီးယဲလ်မက်ဒရစ်အသင်းတွင် တစ်ရာသီအငှားသွားကစားခဲ့သော်လည်း ရီးယဲလ်က အပြီးသတ်စာချုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းမရှိသောကြောင့် မန်ယူသို့ပြန်လည်ရောက်ရှိလာခဲ့ သည်။

လက်ရှိအချိန်တွင် ဝက်စ်ဟမ်းအသင်းမှာ အပြောင်းအလဲများပြုလုပ်နေပြီး နည်းပြဘီလစ်သည် မကြာသေးမီကမှ ဟာနန်ဒက်ဇ်ကို ခေါ်ယူနိုင် ရန် အပြင်းအထန်ချိတ်ဆက်နေခဲ့သည်။

ယင်းကြိုးပမ်းမှုမှာ သြဂုတ်လအစောပိုင်းတွင် အန်နာဗလင်စီယာဒဏ်ရာရသွားပြီး ၁၂ ပတ်ခန့်နားရန်ရှိလာခဲ့ပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ် ပြီး ဟာနန်ဒက်ဇ်မှာ အစားထိုးရန်သင့်တော်သူအဖြစ် ယူဆခံနေရသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly