ရန်ကုန်၊ သြဂုတ်၁၈ ။ ။ တစ်နိုင်ငံလုံးတွင် H1N1 ပိုးတွေ့လူနာ(၁၅)ဦးထပ်မံတွေ့ရှိပြီး ဧရာဝတီတိုင်းဒေသကြီးမှ သေဆုံးသူ တစ်ဦး ထပ်မံတိုးလာကြောင်း ကျန်းမာရေးနှင် ့အားကစာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် သြဂုတ်လ ၁၆ ရက်ထုတ်ပြန်ချက်၌ H1N1ပိုးတွေ့လူနာ (၃၅)ဦးအနက် သေဆုံးလူနာ (၁၀)ဦးရှိခဲ့ရာမှ သြဂုတ်လ(၁၇)ရက်နေ့ ထုတ်ပြန်ချက်တွင်မူ ပိုးတွေ့လူနာ(၃၇)ဦးနှင့် သေဆုံးသူ(၁၁)ဦးဖြစ်လာခဲ့သည်။
H1N1 ပိုးထပ်မံတွေ့ရှိသည့် လူနာ(၁၅)ဦးမှာ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့၊တောင်၊မြောက်)၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ ဇူလိုင်လ(၂၁)ရက်နေ့မှ သြဂုတ်လ(၁၇)ရက်နေ့အထိ Seasonal Influenza A(H1N1)pdm09 ပိုးတွေ့လူနာ (၂၇၇)ဦးတွင် (၂၇)ဦးသေဆုံးခဲ့သည်။
H1N1 ပိုးအဓိကတွေ့ရှိရသူများမှာ လတ်တလောပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါမှဖြစ်ပြီး ၎င်း၏ အသက်ရှုရခက်ခဲခြင်း၊ ဂဏာမငြိမ်ခြင်း၊ သတိလစ်ခြင်းတို့ တွေ့ရှိရပါက နီးစပ်ရာဆေးရုံ၊ဆေးခန်းများတွင် အခမဲ့စစ်ဆေးကုသနိုင်ကြောင်း ကျန်းမာရေးနှင် ့အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာနမှ ဒုညွှန်ချုပ် ဦးသန်းထွန်းအောင်က ပြောထားသည်။