အသင်းမှ ထွက်ခွာရန် လူးကပ် ပီရက်ဇ်ကို အာဆင်နယ်အသင်း တံခါးဖွင့်ပေးထား

အသင်းမှ ထွက်ခွာရန် လူးကပ် ပီရက်ဇ်ကို အာဆင်နယ်အသင်း တံခါးဖွင့်ပေးထား
(ဓာတ်ပုံ - အီးပီအေ)

အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက တိုက်စစ်မှူး လူးကပ် ပီရက်ဇ်အား ရောင်းချဖို့ အသင်းကို မီးစိမ်းပြလိုက်ပြီဖြစ်ကြောင်း ကလပ်အသင်းက ၎င်းတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှ  ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် စပိန်ကစားသမားဟာ သြဂုတ် ၃၁ ရက် နွေရာသီအပြောင်းအရွှေ့ မပိတ်သိမ်းခင်မှာ အသင်းကနေ ထွက်ခွာနိုင်ဖွယ်ရှိပါတယ်လို့ အာဆင်ဝင်းဂါးက သြဂုတ် ၁၉ မှာ စတုတ်ခ်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျနော်မှာ တိုက်စစ်ကစားသမား အများအပြားရှိတာကြောင့် ကျနော် သူ့အတွက် တံခါးဖွင့်ပေးထားပါတယ်။ သူဟာ အခွင့်အရေးကောင်း တစ်ခု ရှာတွေ့မယ်ဆိုရင် ကျနော် သူ့ကို ကူညီပါလိမ့်မယ်။"လို့ ဝင်ဂါးက ထပ်လောင်း ပြောဆိုပါတယ်။

လူးကပ် ပီရက်ဇ်ဟာ ၂၀၁၆ က ဒီပို့တီဗိုအသင်းမှ အာဆင်အသင်းဆီ ယူရို ၁၈.၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် စပိန်တိုက်စစ်မှူးဟာ ဝင်းဂါးရဲ့ အစီအစဉ်ထဲမှာ ထည့်သွင်းခြင်းမခံရသလို ထပ်သလဲလဲ ဒဏ်ရာပြဿနာတွေကို ခံစားခဲ့ရတာကြောင့် သူဟာ ပရီးမီးယားလိဂ် (၁၁)ပွဲအပါအဝင် စုစုပေါင်း (၂၁)ပွဲသာ ကစားခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags