YBS(၆၁)​ပေါ်တွင်​ ခရီးသည်​တစ်​ဦး​ သေဆုံး​နေ

YBS(၆၁)​ပေါ်တွင်​ ခရီးသည်​တစ်​ဦး​ သေဆုံး​နေ

ရန်ကုန်၊ သြဂုတ် ၁၄ ။                 ။ YBS(၆၁)ဘတ်​စ်​ကား​ပေါ်တွင် လိုက်​ပါလာသည်​့ ခရီးသည်အမျိုးသားတစ်ဦး ​မှီလျက်​သေဆုံး​နေ​သည်​ကို​တွေ့ရ​ကြောင်​း ရန်​ကုန်​တိုင်​းရဲတပ်​ဖွဲ့မှ ထုတ်​ပြန်​ထားသည်​။

ဖြစ်​စဉ်​မှာ မြို့တွင်းမှတ်တိုင်တစ်ခုမှ လိုက်ပါလာသည်​့ အသက်​(၅၀)အရွယ်​ခန်​့ရှိ အမျိုးသားသည်​ ရွှေဂုံတိုင်မှတ်တိုင်အရောက် ထိုင်ခုံနေရာရသဖြင့် ထိုင်ခုံနောက်မှီနှင့် ပြူတင်းပေါက်မှန် တို့ကိုမှီ၍ အိပ်ပျော်လျက် လိုက်ပါလာခဲ့သည်​။

"သူက မြို့တွင်းကနေပြီးတော့ လိုင်းကားပေါ်ပါလာတယ်။ သုခမှတ်တိုင်ရောက်တဲ့အခါကျတော့ ကားပေါ်ပါလာတဲ့သူတွေက ဒီလူအိပ်နေတဲ့ ပုံက ရိုးရိုးအိပ်တဲ့ ပုံစံမဟုတ်တဲ့အတွက်ကြောင့် ကားသမားတွေကို အသိပေးတော့ ကားသမားတွေက လှုပ်နိုးကြည့်တော့ နိုးမရတော့ဘူး။ ဒါကြောင့် အင်းစိန်ဆေးရုံးမောင်းသွားတယ်။ အင်းစိန်ဆေးရုံရောက်တော့ သေနေပြီးသားဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ သေမှုသေခင်းဖွင့်ထားပါတယ်။ သူနဲ့ ပတ်သက်လို့ အမည်ဘာညာလည်း မရသေးတဲ့အတွက် ဒီလူက ရန်ကုန်မြို့ထဲက လူပဲဖြစ်ဖို့များတဲ့အတွက် ဖေ့စ်ဘုတ်ကနေပြီးတော့မှ   ကြေညာထားပါတယ် ခင်ဗျ။ ခုထိတော့ ကျွန်တော်တို့ဆီကို အကြောင်းကြားတာ မရှိသေးဘူးဗျ "ဟု လိုှုင်မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်က မဇ္စျိမသို့ ပြောသည်။

ခရီးသည်များက ၎င်းအမျိုးသားအိပ်ပျော်နေသည်ကို မသင်္ကာကြောင်း ပြောဆိုကြသဖြင့် သြဂုတ်လ​(၉)နာရီအချိန်​ခန်​့၊ လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်လမ်း၊ သုခလမ်းကားမှတ်တိုင်၌ ယာဉ်အကူဖြစ်သူ မှနှိုးကြည့်ခဲ့ပြီး နှိုးမရ၍ အင်းစိန်ဆေးရုံသို့ပို့​ဆောင်​ခဲ့ရာ ပြင်ပဒဏ်ရာမတွေ့ရှိဘဲ သေဆုံးနေသည်​ကို သိရသည်​။

သေဆုံးသူအမျိုးသားအား မည်​သူမည်ဝါမသိရှိ​ရ​သေးသဖြင်​့ သက်​ဆိုင်​သည်​့သူများအ​နေဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး Call Center (၁၉၉၊ ၀၁-၂၃၂၃၁၉၉)၊အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး (၀၁-၃၇၆၁၆၆)၊ ဒုရဲမှူး သိန်းဆွေမြင့် (၀၉-၂၅၀၂၈၃၂၇၅)၊ ဒုရဲအုပ် ခင်စိုး (၀၉-၉၅၃၁၈၄၄၅၂) တို့အား ဆက်​သွယ်​အ​ကြောင်​းကြား​ပေးရန်​ ထုတ်​ပြန်​ထားသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly