ချယ်လ်ဆီးတွင် အပြစ်သားတစ်ယောက်လို ဆက်ဆံခံနေရဟု အသင်းပြောင်းချင်သည့် ဒီယေဂိုကော်စတာဆို

ချယ်လ်ဆီးတွင် အပြစ်သားတစ်ယောက်လို ဆက်ဆံခံနေရဟု အသင်းပြောင်းချင်သည့် ဒီယေဂိုကော်စတာဆို

သြဂုတ် ၁၄၊ လန်ဒန်။          ။ ချယ်လ်ဆီးအသင်းတွင် အပြစ်သားတစ်ယောက်လို ဆက်ဆံခံနေရသည်ဟု ဒီယေဂိုကော်စတာကပြောဆိုလိုက်ပြီး အက်သလက် တီကိုသို့ပြောင်းချင်သည်ဟုလည်း အတည်ပြုသည်။

အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူးသည် မေလက အက်ဖ်အေဖလားဖိုင်နယ်ပွဲတွင် ချယ်လ်ဆီးအတွက်နောက်ဆုံး ကစားထားပြီး ဇွန်လတွင် လာမည့်ရာသီအသင်း လူစာရင်းတွင် ပါဝင်တော့မည်မဟုတ်ဟု နည်းပြကွန်တီ၏ စာပို့အကြောင်းကြားခြင်းကို ခံထားရ သူဖြစ်သည်။

လက်ရှိအချိန်တွင်မူ အရန်အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းရန် အသင်းကတောင်းဆိုထားသည်ဟု ကော်စတာက ပြောသည်။

“ကျွန်တော့်ကိုမလိုချင်ဘူးဆိုရင် ဘာလို့သူတို့ သွားခွင့်မပေးတာလဲ။ ကျွန်တော်လုပ်စရာရှိတာကို လုပ်ရမယ်လေ။ ကိုယ့်အတွက် ကိုယ်စဉ်းစားရဦးမှာပေါ့။

ကျွန်တော်ဒီမှာကောင်းကောင်းနေခဲ့ပြီး ကောင်းတာတွေလည်းလုပ်ခဲ့ပါတယ်။ အက်သလက်တီကို ကိုပြောင်းဖို့ ဆုံးဖြတ်ထား တယ်”ဟု ဒီယေဂိုကော်စတာက ပြောသည်။

ကော်စတာသည် ၂၀၁၄ တွင် အက်သလက်တီကိုမှ ချယ်လ်ဆီးသို့ပြောင်းလာခဲ့ပြီး လန်ဒန်ကလပ်နှင့်အတူ ပရီးမီးယားလိဂ်နှင့် လိဂ်ဖလားရထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly