အီကွေဒေါ၊ ကိုလံဘီယာတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် နာမည်ကြီး ကစားသမားများကို ဘရာဇီးအသင်း ခေါ်ယူ

အီကွေဒေါ၊ ကိုလံဘီယာတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် နာမည်ကြီး ကစားသမားများကို ဘရာဇီးအသင်း ခေါ်ယူ
(ဓာတ်ပုံ - အီးပီအေ)

ဘရာဇီးလက်ရွေးစင်နည်းပြက လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း အီကွေဒေါနှင့် ကိုလံဘီယာတို့နှင့် ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက် နိုင်ငံရဲ့ နာမည်ကြီးကြယ်ပွင့် ကစားသမားအားလုံးကို အသင်းမှာ ပါဝင်ဖို့ ဆင့်ခေါ်လိုက်ပါတယ်။

ဘရာဇီးအသင်းဟာ ရုရှားမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲအောင်မြင်ပြီးပေမယ့်လည်း နည်းပြ တိုက်ဟာ ပီအက်စ်ဂျီစတား နေမာနှင့် အဲဗက်စ်၊ ရီးယဲလ်မှ မာဆယ်လိုနှင့် ကတ်စ်မဲရိုးတို့လို ထိပ်တန်းကစားသမားတွေကို ခေါ်ခဲ့ပါတယ်။

ဖီဖာကမ္ဘာ့အဆင့် နံပါတ် ၁ ထိပ်ဆုံးနေရာကို ပြန်လည် ရယူခဲ့တဲ့ ဘရာဇီးအသင်းဟာ သြဂုတ် ၃၁ ရက်မှာ အီကွေဒေါကို အိမ်ကွင်း Porto Alegre မှာ လက်ခံကစားမှာဖြစ်ပြီး စက်တင်ဘာ ၅ ရက်နေ့မှာ အဝေးကွင်းအဖြစ် ကိုလံဘီယာမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။

ဘရာဇီးအသင်းရဲ့ နောက်ဆုံးခြေစစ်ပွဲ နှစ်ပွဲကို အောက်တိုဘာလမှာ ဘိုလီးဗီးယားနှင့် ချီလီအသင်းတို့နဲ့ ကစားမှာဖြစ်ပါတယ်။

နည်းပြ တိုက်ရဲ့ လူစာရင်းမှာ ဘရာဇီးလိဂ်မှာ ၁၉ ပွဲ ရှုံးပွဲမရှိ၊ ပေးဂိုး ၉ ဂိုးသာ ခွင့်ပြုထား အမှတ်ပေးဇယား  ဦးဆောင်နေတဲ့ ကိုရန်တေးယန်စ်ရဲ့ အဓိက ကစားသမားနှင့် ဂိုးသမားဖြစ်သူ ကာစီယိုဟာ အံ့အားသင့်ဖွယ် ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာပါတယ်။

အခြား မျှော်လင့်မထားတဲ့ ရွေးချယ်မှုတွေကတော့ ဘရာဇီးကလပ် ဂရယ်မီယိုမှ ကွင်းလယ်တိုက်စစ် လူအမ်နှင့် ရှက်တာ ဒိုးနပ်အသင်းမှ အဓိကကစားသမား တိုက်ဆန်တို့ဖြစ်ပါတယ်။

ဘရာဇီးအသင်းဟာ ခြေစစ်ပွဲ ၁၄ ပွဲမှာ ၁၀ ပွဲနိုင်၊ ၃ပွဲ သရေနှင့် ၁ ပွဲရှုံး မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။

အသင်း ၄ သင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပြီး အဆင့် ၅ နေရာက အသင်းဟာ သမုဒ္ဒရာဇုန်မှ အသင်းတစ်သင်းနဲ့ playoffs ပွဲ ကစားပြီး ပြိုင်ပွဲကို ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags