ဘန်လေတိုက်စစ်မှူးဂရေးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ၀က်ဖို့ဒ် ခေါ်ယူ

ဘန်လေတိုက်စစ်မှူးဂရေးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ၀က်ဖို့ဒ် ခေါ်ယူ

သြဂုတ် ၁၀၊ အင်္ဂလန် ။            ။ ၀က်ဖို့ဒ်အသင်းသည် ဘန်လေတိုက်စစ်မှူး အန်ဒရီဂရေးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၈.၅ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။ ၀က်ဖို့ဒ်အသင်းသည် ဂရေးကို ငါးနှစ်စာချုပ် ဖြင့် ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

အဆိုပါသတင်းမှာ ဂရေး၏ချစ်သူ အန်နီပင်နော့ကို ဘန်လေအသင်း၏ဒါရိုက်တာများထိုင်သည့် အထူးတန်းတွင် မထိုင်ရန် ဘန်လေနည်းပြဒေချီက တားမြစ်ခဲ့သည့် သတင်းနှင့်အပြိုင် တစ်ပြိုင်နက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အန်နီပင်နော့မှာ Little Mix ဂီတအဖွဲ့၏အဆိုတော်တစ်ဦးဖြစ်ပြီး နာမည်ကြီးလွန်းသည့်အတွက် ဒေချီက တားမြစ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၂၆ နှစ်အရွယ်ရှိ အန်ဒရီဂရေးသည် ဘန်လေအသင်းတွင် ကစားခဲ့သည့် ၂ နှစ်အတွင်း ၃၃ ဂိုးအထိ သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။

၀က်ဖို့ဒ်အသင်းသို့ ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက်တွင် ဂရေးက “Hello, ကျွန်တော်က အန်ဒရီဂရေးပါ။ ၀က်ဖို့ဒ်အသင်းကို ပြောင်းရွှေ့ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ၀က်ဖို့ဒ်နဲ့အတူ ရှေ့ခရီးကိုဆက်ဖို့ မစောင့်နိုင်တော့ပါဘူး” ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly