ONE: KINGS AND CONQUERORS ပြိုင်ပွဲကြီးရဲ့ဒုတိယပွဲစဉ်ကတော့ ပိုလန်သားကြီး မာဆင်ပရက်နီယိုနဲ့ ဘရာဇီးဖိုက်တာ ဂီဘာတိုဂယ်ဗာအိုတို့ရဲ့ မစ်ဒယ်ဝိတ်တန်း ပွဲစဉ် ဖြစ်ပါတယ်။
ပရက်နီယိုဟာ ဒီပွဲမထိုးခင် ရ ပွဲဆက်တိုက် အနိုင်ရထားသူဖြစ်ပြီး ဂယ်ဗာအိုကလည်း ငါးပွဲဆက်တိုက် အနိုင်ရထားသူ ဖြစ်တာကြောင့် ဒီပွဲက စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။
ပထမအချီ စလွှတ်လိုက်တယ်ဆိုရင်ပဲ နှစ်ယောက်စလုံးက အတင်းရင်ဆိုင်ထိုးသတ်ခဲ့ကြပါတယ်။ ဂယ်ဗာအိုရဲ့ ထိုးချက်ရုတ်တရက် ထိသွားခဲ့ပြီး ပရက်နီယို ကြမ်းပြင်ပေါ် ကျသွားခဲ့ပေမယ့် အခွင့်အရေးရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ဂယ်ဗာအိုချုပ်တာကို ပရက်နီယိုက ပြန်ချုပ်ရင်း အောက်ပိုင်းတွေကို ဖြိုကာ ချုပ်ကွက်ကို ဖျည်နိုင်ခဲ့ပါတယ်။
တစ်မိနစ်ခွဲလောက်မှာတော့ ပရက်နီယိုရဲ့လက်သီးချက်ထိပြီး ဂယ်ဗာအို ကြမ်းပေါ်လဲကျချိန်မှာ ပိုလန်သားကြီးက အပေါ်ကနေ အဆက်မပြတ်ထိုးသတ်ခဲ့ပါတယ်။ ဒိုင်လူကြီး ယူဂျီရှီမာဒါက ပြေးဝင်ပြီး ပရက်နီယိုကို အနိုင်ပေးလိုက်ပါတယ်။ ၁ မိနစ်နဲ့ ၂၃ စက္ကန့်သာ ကြာလိုက်ပြီး ပွဲပြတ်သွားခဲ့ပါတော့တယ်။
အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ကရာတေးချန်ပီယံ ပရက်နီယိုအတွက် ဒီနိုင်ပွဲက ၁၃ ပွဲမြောက်နိုင်ပွဲဖြစ်ပြီး ၈ ပွဲဆက်အနိုင်ရတဲ့ ပွဲလည်း ဖြစ်ပါတယ်။ သူ့ရဲ့ MMA ပွဲမှတ်တမ်းမှာ ၁၃ ပွဲနိုင် ၂ ပွဲ ရှုံးမှတ်တမ်းရသွားခဲ့တာဖြစ်ပါတယ်။ ဂယ်ဗာအိုအတွက်ကတော့ ၆ ပွဲမြောက် ရှုံးပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။