တစ်​ရက်​အတွင်​း ​H1N1 ပိုး​တွေ့လူနာ၄ဦးနှင့် သေဆုံးသူ တစ်ဦးတိုးလာ

တစ်​ရက်​အတွင်​း ​H1N1 ပိုး​တွေ့လူနာ၄ဦးနှင့် သေဆုံးသူ တစ်ဦးတိုးလာ
H1N1 ကာကွယ်ရန် နှာခေါင်းစည်း တပ်ဆင်ထားသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ-သူရ

ရန်​ကုန်​၊သြဂုတ်​၆ ။            ။ သြဂုတ်လ (၄) ရက်နေ့၊ ​နေ့လည် ​၂နာရီမှ သြဂုတ်လ (၅) ရက်နေ့၊ ​နေ့လည်​ ၂နာရီအထိ တစ်​ရက်​အတွင်​း ​H1N1ဖြင့် ဆုံးသူ ၁ဦး တိုးလာခဲ့ပြီး ရောဂါပိုး
တွေ့ရှိသူ ၄ဦး တိုးလာခဲ့​ကြောင်​း ကျန်​းမာ​ရေးနှင်​့ အားကစားဝန်​ကြီးဌာနမှ ထုတ်​ပြန်​ထားသည်​။

သြဂုတ်လ (၄) ရက်နေ့၊​ နေ့လည်​ ၂နာရီမှ သြဂုတ်လ (၅) ရက်နေ့၊ ​နေ့လည်​ ၂နာရီအထိ သံသယလူနာ (၂၀) ဦးအား ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာတွင် H1N1 ပိုးတွေ့လူနာ (၄) ဦး တွေ့ရှိခဲ့ပါသည်။

ထို့​ကြောင်​့ ဇူလိုင်​ (၂၁)ရက်​​ ​နေ့လည်​၂နာရီမှ သြဂုတ်​(၅)ရက်​ ​နေ့လည်​၂နာရီအထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ (၃၅၆) ဦးရှိခဲ့ပြီး ၎င်းတို့အနက် H1N1 ပိုးတွေ့လူနာစုစုပေါင်း (၁၃၆)ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း(၁၅)ဦးရှိပါသည်။

သေဆုံးသူများ၏ အသက်အရွယ်အပိုင်း အခြားအရ အသက် (၅) နှစ်အောက်တွင် (၂) ဦး၊ အသက် (၅) နှစ်မှ (၁၂) နှစ် ကြားတွင် (၂) ဦးနှင့် အသက် (၁၃) နှစ်မှ (၆၅) နှစ်ကြားတွင် (၁၁) ဦးဖြစ်ကြောင်း သိရှိရပါသည်။

လတ်တလောပြင်းထန် အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူများတွင် သေဆုံးမှုနှုန်းမှာ (၄.၂)ရာခိုင်နှုန်းရှိပါသည်။

H1N1 ရောဂါပိုးစစ်ဆေး တွေ့ရှိခဲ့သော်လည်း ယနေ့အထိ ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သေဆုံးရခြင်းမဟုတ်ဘဲ အခြားရောဂါဖြင့် သေဆုံးသူ စုစုပေါင်း (၁၂) ဦး ရှိပါသည်။

အထူးကုဆေးရုံကြီး (ဝေဘာဂီ)၌ H1N1 ပိုးတွေ့ အတွင်းလူနာ (၂၉)ဦး၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ(၃၂)ဦး၊ စုစုပေါင်း (၆၁)ဦး ဆက်လက်ဆေးကုသ​နေသည်​။

အများစုမှာ သက်သာလျက်ရှိပြီး မကြာခင် ဆေးရုံမှဆင်းနိုင်မည့်အခြေအနေ ရှိကြောင်း ဝန်ကြီးဌာနကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags