H1N1 ထိန်းချုပ်နိုင်သည်အထိ ကျောင်းများ၊ တက္ကသိုလ်များ ယာယီပိတ်ပေးရန် တက္ကသိုလ် ဆရာ/ဆရာမများတောင်းဆို

H1N1 ထိန်းချုပ်နိုင်သည်အထိ ကျောင်းများ၊ တက္ကသိုလ်များ ယာယီပိတ်ပေးရန် တက္ကသိုလ် ဆရာ/ဆရာမများတောင်းဆို

ရန်​ကုန်​၊ သြဂုတ်​ ၅  ။                  ။ H1N1​ရောဂါ ထိန်​းချုပ်​နိုင်​သည်​့အချိန်​အထိ ​အ​ခြေခံပညာကျောင်​းများနှင်​့ တက္ကသိုလ်​များကို ယာယီပိတ်​ထား​ပေးရန်​ ပညာ​ရေးဝန်​ကြီးဌာန၊ ကျန်​းမာ​ရေးဝန်​ကြီးဌာနနှင်​့ သက်​ဆိုင်​ရာတိုင်​း​ဒေသကြီးနှင်​့ ပြည်​နယ်​အစိုးရများအား ​တောင်​းဆို​ကြောင်​း တက္ကသိုလ်​ဆရာ၊ဆရာမများအသင်​းမှ သ​ဘောထားထုတ်​ပြန်​ထားသည်​။

အ​ခြေခံပညာ​ကျောင်​းများနှင်​့ တက္ကသိုလ်​များ ဆက်​လက်​ဖွင်​့ထားခြင်​းသည်​ ​ရောဂါကူးစက်​မည်​ကို စွန်​့စားရာကျ​နေပြီး ​ကျောင်​းသား​၊​ ကျောင်​းသူများ၊ ဆရာ၊ဆရာမများမှာ စိုးရိမိ​ကြောင်​့ကြမှုဖြင်​့ ​နေ့စဉ်​တက်​​ရောက်​​နေရသည်​ဟု ထုတ်​ပြန်​ထားသည်​။

ကျန်​းမာ​ရေးနှင်​့ အားကစားဝန်​ကြီးဌာန၏ သြဂတ်​၄ရက်​​နေ့ထုတ်​ပြန်​ချက်​အရ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ (၃၃၆) ဦးရှိပြီး ပိုး​တွေ့လူနာ (၁၃၂)ဦး ရှိ​နေသည်​။

အဆိုပါ H1N1ပိုး​တွေ့လူနာများထဲမှ ​သေဆုံးသူ (၁၄)ဦးရှိခဲ့ပြီဖြစ်သည်​။

အဆိုပါ ကိန်းဂဏန်းအရ သေဆုံးမှုနှုန်​းမှာ ရောဂါပိုးတွေ့ရှိသူ၏ (၁၀​.၆)ရာခိုင်​နူန်​းရှိ​နေပြီး ၎င်း​သေဆုံးမှုများတွင်​ ​ကျောင်​းအုပ်​ဆရာမ(၁)​ဦးနှင်​့ မူကြို​ကျောင်​းသား(၁)ဦးတို့ ကူးစက်​ခံရမှုတွင်​ ပါဝင်​​နေသည်​။

သို့​သော်​ကျန်​းမာ​ရေးနှင်​့ ပညာ​ရေးဝန်​ကြီးဌာန၏ ထုတ်​ပြန်​စာတွင်​ ​သေဆုံးနူန်​းအား သံသယရှိလူနားများဖြင်​့ တွက်​ချက်​ထားကာ ၄.၅ရာခိုင်​နူန်​းဟု​ ဖော်​ပြထားသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags