၂၄နာရီအတွင်​း H1N1 ပိုး​တွေ့လူနာ၂၂ဦး​တွေ့ရှိ၊​ သေဆုံးသူမရှိ

၂၄နာရီအတွင်​း H1N1 ပိုး​တွေ့လူနာ၂၂ဦး​တွေ့ရှိ၊​ သေဆုံးသူမရှိ

ရန်​ကုန်​၊ သြဂုတ်​ ၅ ။               ။ သြဂုတ်လ ၃ရက်​ ​နေ့လည်​နှစ်​နာရီမှ ၄ရက်​နေ့ ​နေ့လည်​နှစ်​နာရီအထိ ၂၄နာရီအတွင်​းH1N1 ပိုးတွေ့လူနာ (၂၂) ဦးတွေ့ရှိခဲ့​ပြီး ​သေဆုံးသူမရှိ​ကြောင်​း ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာနမှ ထုတ်​ပြန်​ထားသည်​။

ဇူလိုင်လ (၂၁) ရက်နေ့ သြဂုတ်​၄ရက်​ ​နေ့လည်​နှစ်​နာနာရီအထိ လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ (၃၃၆) ဦးရှိခဲ့ပြီး ၎င်းတို့ အနက် H1N1 ပိုးတွေ့လူနာစုစုပေါင်း (၁၃၂)ဦးရှိပြီး သေဆုံးသူ စုစုပေါင်း (၁၄)ဦး ရှိကြောင်း ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးရုံ တက်ရောက် ကုသသူ(၃၃၆)ဦးတွင် သေဆုံးမှုနှုန်းမှာ (၄.၁၇)ရာခိုင်နှုန်းရှိနေသည်​။

အထူးကုဆေးရုံကြီး (ဝေဘာဂီ)တွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၂၇)ဦး၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့သည့် အတွင်းလူနာ(၃၅)ဦး၊ စုစုပေါင်း (၆၂)ဦး ဆက်လက်ကုသမှု ခံယူလျက်ရှိသည်။

ဇူလိုင်လ (၂၁)ရက်မှ သြဂုတ် ၄ရက်အထိ ဆေးရုံတက်ရောက်ကုသရသော H1N1 ပိုးတွေ့အတွင်းလူနာများအနက် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းလူနာ (၄၅)ဦးရှိခဲ့ ကြောင်း ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာနမှ ထုတ်​ပြန်​ထားသည်။  

တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျန်းမာရေးဝန်ထမ်းများနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team) များသည် ဇူလိုင်(၂၄) ရက်မှစ၍ ပိုးတွေ့လူနာများ နေထိုင်ရာ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ပြီး ကျန်းမာရေး ပညာပေးခြင်း၊ ကျန်းမာရေးအခြေအနေကို စစ်ဆေးခြင်း၊ လူနာအိမ်နှင့်အနီးပတ်ဝန်းကျင်အိမ်များတွင် ဖျားနာလူနာများ ရှိ/မရှိ စုံစမ်းထောက်လှမ်းခြင်း တို့ကို ​ဆောင်​ရွက်​​နေသည်​ဟု ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာန၏ ထုတ်​ပြန်​ချက်​အရသိရသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly