အင်္ဂလန်သို့ ပြန်ချင်သည်ဟု စီရော်နယ်ဒိုပြော

အင်္ဂလန်သို့ ပြန်ချင်သည်ဟု စီရော်နယ်ဒိုပြော

သြဂုတ် ၅၊ မက်ဒရစ်။             ။ ရီးယဲလ်မက်ဒရစ်ကြယ်ပွင့်စီရော်နယ်ဒိုသည် စပိန်တွင်အခွန်ကိစ္စအမှုရင်ဆိုင်နေချိန်အတွင်း အင်္ဂလန်သို့ပြန်သွားချင်သည်ဟု တရားသူကြီးကိုပြောဆိုလိုက်သည်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားသည် ယူရို ၁၄ ဒသမ ရ သန်း အခွန်ရှောင်တိမ်းခဲ့သည်ဟူသောစွဲချက်ဖြင့် အမှုရင်ဆိုင် နေရခြင်းဖြစ်သည်။

ယင်းအမှုအတွက်တရားရင်ဆိုင်နေစဉ်အတွင်း အင်္ဂလန်သို့ပြန်သွားရန်ဖြစ်နိုင်ချေရှိသောမှတ်ချက်ကို ဇူလိုင် ၃၁ ရက်တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

စီရောနယ်ဒိုက “အင်္ဂလန်မှာတုန်းက ကျွန်တော်ဘယ်တုန်းကမှ ဒီလိုပြဿနာမရှိခဲ့ဘူး။ ဒါကြောင့် အင်္ဂလန်ကိုပြန်သွားချင် နေတာ။ ကျွန်တော်အမြဲ အခွန်ဆောင်ပါတယ်။ အမြဲတမ်းပဲ။ အင်္ဂလန်မှာရော စပိန်မှာရော ကျွန်တော်အမြဲဆောင်ခဲ့တယ်။

ခင်ဗျားသိတဲ့အတိုင်း ကျွန်တော်ဘာကိုမှဖုံးမထားတတ်ဘူး။ ကျွန်တော့်ဘက်က ဒီလိုကျူးလွန်ဖို့ဆိုတာကလည်း ရယ်စရာ ကောင်းလိမ့်မယ်။ ကျွန်တော်က ပွင့်ပွင်းလင်းလင်းသမားပါ။

ခင်ဗျားအနေနဲ့ဘာမှတောင်လုပ်စရာမလိုဘူး။ ကျွန်တော့်နာမည်ကို ဂူဂဲလ်မှာသာရိုက်ရှာကြည့်လိုက် စီရော်နယ်ဒိုအကြောင်း အားလုံးထွက်လာလိမ့်မယ်။ ဥပမာပြောရရင် ဖော့ဘ်စ်မဂ္ဂဇင်းက ကျွန်တော့်ဝင်ငွေအကြောင်းအားလုံး ဖော်ပြထားတယ်”ဟု ပြောသည်။

ဆက်လက်၍၎င်းက ၂၀၁၄ တွင် အားလုံးပေးဆောင်ခဲ့ကြောင်း၊ ခြောက်နှစ်မြောက်သည်အထိ ဘောလုံးကိုမည်သို့ကောင်းစွာ ကစားရမည်ကိုသာသိကြောင်း၊ အကြံပေးများကပြောခဲ့သည့် အဆင်ပြေသည်ဆိုသည့်စကားကို ယုံကြည်ခဲ့ကြောင်း၊ မိမိ၏ အကြံပေးများကိုလည်း အကောင်းဆုံးများဟုယုံကြည်ကြောင်း၊ ယင်းတို့က မိမိအတွက်ကောင်းသည့်အရာများကိုသာ လုပ်ပေးခဲ့ ပြီး အရာရာတိုင်းကို ၎င်းတို့လက်ထဲပုံအပ်ထားကြောင်း ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly